DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့လူသတ်မှု သမ္မတထံ ၀န်ကြီးတင်ပြ
DVB
·
June 4, 2012
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စုတစုက ဇွန် ၃ ရက်နေ့က သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သံတွဲမြို့ကနေ ရန်ကုန်ကိုသွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က ညနေ ၄ နာရီခန့်မှာ သံတွဲကနေ ရန်ကုန်ကိုပြန်မယ့်ကားဟာ တောင်ကုတ်မြို့ကားဂိတ်ကို အ၀င်မှာ လူအုပ်က ကားပေါ်ပါလာတဲ့ မွတ်စလင်တွေကို ၀ိုင်းခဲ့တဲ့အကြောင်းနဲ့ နောက်နောင် မတင်လာတော့ဘူးလို့ ပြောမှ ရန်ကုန်ဘက်ကို ပြန်သွားခွင့်ပြုခဲ့ပါတယ်။

ဒီနောက် ကားထွက်သွားပြီး တိုးဂိတ်တခုအရောက် သံတွဲခွဆိုတဲ့နေရာမှာ နောက်ကနေ ဆိုင်ကယ်တွေနဲ့လိုက်လာပြီး ကားပေါ်ကနေ ဆွဲချသတ်ဖြတ်ခဲ့တာလို့ တောင်ကုတ်ဒေသခံက ပြောပါတယ်။

ဒီအဖြစ်အပျက် မဖြစ်မီ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ကျောက်နီ မော်ဘကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

သံတွဲမြို့ခံ မွတ်စလင် ၁ ဦးကို မေးကြည့်ရာမှာလည်း သံတွဲမှာ ဘာသာရေးကိစ္စ လာရောက်ဆောင်ရွက်တဲ့ မွတ်စလင်  ၈ ဦးနဲ့ သံတွဲမြို့ပေါ်က ကားပိုင်ရှင်ရဲ့ ယောက်ဖ ဖြစ်သူ ၁ ဦးနဲ့ ရန်ကုန်မှာ ကားပစ္စည်းသွားဝယ်မယ့် ကားဘော်ဒီပြင်ဆရာ တဦး စုစုပေါင်း  ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်သူတွေဟာ ဓားတွေ၊ တုတ်တွေ အသုံးပြုသတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို သံတွဲမြို့က မွတ်စလင်သချုင်္ိင်းမှာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

သံတွဲမြို့မှာ မွတ်စလင်တွေကို ခရီးသွားလာရေး မလုပ်ဆောင်ဖို့ သတိပေး တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်ကလာတဲ့ မွတ်စလင်တွေကိုလည်း သံတွဲဘက်ကို မလာဖို့ သက်ဆိုင်ရာက လာလမ်းအတိုင်း ပြန်လွှတ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ လိုက်လံစုံစမ်းနေတုန်းပဲလို့ ဖြေဆိုပါတယ်။

“အခုလက်ရှိကတော့ အေးဆေးဖြစ်သွားပါပြီ။ ဘယ်လို ဆောင်ရွက်လိုက်လဲဆိုတော့ ပါဝင်တဲ့သူတွေအကုန်လုံးကို ဖျောင်းဖျနားချလိုက်ရတာပေါ့။ ဖြစ်စဉ်အကြောင်းရင်းကိုတော့ လိုက်တော့လိုက်နေတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေကို ဆက်သွယ်မေးမြန်းရာမှာ သာသနာရေးဝန်ကြီးကိုယ်တိုင် ဒီကိစ္စကို သမ္မတထံ တင်ပြနေတယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ ဒီအဖြစ်အပျက်ဟာ ကြောက်ခမန်းလိလိဖြစ်ခဲ့တာဖြစ်ပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့  နယ်မြေခံတွေက လိုလားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013