Live
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေအများပြားပျက်စီး
DVB
·
April 4, 2018
  စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ ဧပြီ ၃ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေအများပြား ပျက်စီးသွားပါတယ်။ ကနီမြို့နယ်တွင်း နေရာတချို့မှာ လေပြင်းနဲ့အတူ မိုးသီးတွေပါ ကျရောက်ခဲ့ပြီး အပင်တွေ ကိုင်းကျိုးပြတ်တာတွေနဲ့ နေအိမ်ခေါင်မိုးတွေလန်၊ အကာအရံတွေပျက်စီးမှုတွေလည်း အများပြားရှိခဲ့ပါတယ်။ ကနီမြို့က ဦးဝင်းမောင်က "လူအသေပျောက်ကတော့ မရှိပါဘူး။ သွပ်ပြားရှတာတို့ ဘာတို့ ကတော့ ရှိတာပေါ့။ မနှစ်ကလည်း ကျနော်တို့ ကနီနယ်ဘက်မှ ဆိုးဆိုးဝါးဝါး ပျက်စီးမှုရှိခဲ့တယ်။ အခုလည်း ကျနော်တို့ ကနီမြို့ပေါ်တင်မကဘူး မြို့နယ်အတွင်းက ကျန်တဲ့တခြားရွာတွေပါ ပျက်စီးမှုတွေ ရှိတယ်။ အနည်းများတော့ ကွာတာပေါ့"လို့ ပြောပါတယ်။ ကနီမြို့နယ် နတ်လာဘို့တောင်ကျေးရွာအုပ်စုမှာတော့ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈၀ ကျော်နဲ့ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ အမိုးလန်ပျက်စီးသွားပြီး တခြားကျေးရွာတွေမှာလည်း နေအိမ်ပျက်စီးမှု တချို့ ရှိခဲ့ပါတယ်။ မနှစ်ကလည်း ကနီမြို့နယ်တွင်းရှိ ကျေးရွာတွေမှာ ယခုလို လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေရာနဲ့ချီ ပျက်စီးခဲ့ပါတယ်။ သတင်း - ရန်နိုင်စိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024