လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေစာများ မပုံရေး ဆန္ဒပြတောင်းဆို
DVB
·
June 4, 2012

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်း ကြေးနီသတ္တုတူးဖော်ရေး စီမံကိန်းက မြေကြီးတွေတူးဖော်ပြီး စွန့်ပစ်မြေစာပုံရာမှာ ရွာသားတွေရဲ့ လယ်ယာမြေပေါ် စုပုံခြင်းကြောင့် စိုက်ပျိုးမြေ ပျက်စီးခဲ့တဲ့အပေါ် ကျေးရွာနေပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဝက်မှေး၊ ကံတော၊ ဆည်တည်း၊ ကျော်ရွာ၊ အောင်ချမ်းစည်၊ ရွှေလှေ စတဲ့ ကျေးရွာနေ ပြည်သူတွေဟာ ဇွန် ၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေတွေပေါ်မှာ စွန့်ပစ်မြေစာတွေ မပုံရေး၊ ရွာမရွှေ့ပြောင်းရရေး၊ ချိပ်ပိတ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သိမ်ကျောင်းတော်ကို ပြန်လည်ကိုးကွယ်ခွင့်ပြုရေး၊ ၀တ်မှေးရွာ အခြေခံပညာမူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်ပေးရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ Read more