ကျောက်တော်မြို့တွင် သဲကျောက်ထိုင်တော်မူဘုရား တွေ့ရှိ
DVB
·
April 3, 2018
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ သဲကျောက်ဘုရားဆင်းတုတော် ၁ ဆူ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဥဒေါင်းတောင် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသရဲ့ ကြီးကြပ်မှုနဲ့ ကျောက်တော်မြို့နယ် ဒေးဝန်းကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေး တောင်ကုန်းရှိ စေတီပျက်နေရာတ၀ိုက် ခြုံနွယ်တွေ ရှင်းလင်းရင်း ဧပြီ ၂ ရက်မှာ ဆင်းတုတော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ပလ္လင်တော်အမြင့် ၃ ပေ၊ အကျယ် ၆ ပေ၊ ကိုယ်လုံးတော်ပတ်လည် ၆ ပေ၊ အမြင့် ၇ ပေခန့်ရှိ သဲကျောက်ထိုင်တော်မူဘုရား ဆင်းတုတော်ဟာ ကျိုးပဲ့ပျက်စီးနေပြီး တွေ့တဲ့နေရာမှာပဲ အပူဇော်ခံထားရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။