မင်းပြားတွင် မီးလောင်၊ နေအိမ် ၃ လုံးနှင့် ဈေးဆိုင်ခန်း ၃ ခန်း ပျက်စီးဆုံးရှုံး
DVB
·
March 31, 2018
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်း- မြအောင်ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားတာကြောင့် နေအိမ် ၃ လုံးနဲ့ ဈေးဆိုင်းခန်း ၃ ခန်းတို့ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မတ်လ ၃၀ ရက်နေ့ မနက်ပိုင်း ၈ နာရီက ပန်းမြောင်း၊ မြအောင်ရပ်ကွက် ဈေးဆိုင်ခန်းတခုကနေ စတင် မီးလောင်းကူးစက်ရာကနေ လူနေအိမ်တွေကို ကူးစက်သွားပြီး ၈ နာရီ ၃၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မင်းပြားမြို့မီးသတ်ဌာနက မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းက ဒီဗွီဘီကိုပြောပါတယ်။
“မနက်ပိုင်း ၈ နာရီ ၁၀ မိနစ်ကအချိန်စလောင်တာပါ။ ၈ နာရီခွဲလောက်မှာ မီးကငြိမ်းသွားပါတယ်။ အိမ်က ၃ အိမ်မီးလောင်ရာမှာ နှစ်ထပ်တိုက်အိမ် တအိမ်ပါသွားတာပါ။ ဈေဆိုင်း ခန်းက ၃ ခန်းပါသွားတယ်။ အားလုံးဆုံးရှုံးမှုတန်ဖိုးကတော့ ၁၃ သိန်းနဲ့ ၁ သောင်းဆုံးရှုံးတယ်” လို့ ပြောပါတယ်။