DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဒုတိယဝန်ကြီး​ချုပ် ​ဆွေး​နွေး
DVB
·
May 31, 2012
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဒုတိယဝန်ကြီး​ချုပ် ​ဆွေး​နွေး
Donate to DVB

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီ​နေ့​နေ့​ခင်း​ပိုင်း​က ထိုင်း​ဒုတိယဝန်ကြီး​ချုပ် ​ဒေါက်တာချလန်ယူဘန်း​ရုံး​ကို သွား​ရောက်​တွေ့​ဆုံပြီး​ ထိုင်း​နိုင်ငံ​ရောက် မြန်မာအလုပ်သမား​တွေနဲ့​ ဒုက္ခသည်​တွေရဲ့​အခက်အခဲ​တွေ ပွင့်​ပွင့်​လင်း​လင်း​ တိုင်ပင်​ဆွေး​နွေး​မှုခဲ့​ကြပါတယ်။

ဒီ​နေ့​ ၃ နာရီ ၄၅ မိနစ်မှာ စတင်ပြီး​ ၄၅ မိနစ်ကြာ ​တွေ့​ဆုံပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ထိုင်း​ဒုတိယဝန်ကြီး​ချုပ်ကို ထိုင်း​ရောက် မြန်မာအလုပ်သမား​တွေကို ကာကွယ်​စောင့်​ရှောက်​ပေး​ဖို့​ ​ပြောဆိုခဲ့​ပြီး​ မြန်မာနိုင်ငံ အ​ခြေအ​နေ​ကောင်း​မွန်ရင် ဒီအလုပ်သမား​တွေကို ကိုယ့်​တိုင်း​ပြည်ကို ပြန်​ခေါ်မယ်ဆိုတာကို ​ပြောဆိုခဲ့​ပါတယ်။

မြန်မာက​လေး​တွေကို ထိုင်း​ကျောင်း​တွေမှာ ထား​ရှိ​ပေး​ခြင်း​အား​ဖြင့်​ မြန်မာနိုင်ငံနဲ့​ ထိုင်း​နိုင်ငံအကြား​ဆက်ဆံ​ရေး​ကို ပိုမို​ကောင်း​မွန်​စေမယ်လို့​ ယူဆတဲ့​အ​ကြောင်း​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

ဒုတိယဝန်ကြီး​ချုပ်က မြန်မာအလုပ်သမား​တွေဟာ ထိုင်း​နိုင်ငံရဲ့​စီး​ပွား​ရေး​မှာ အ​ရေး​ကြီး​တဲ့​အ​ကြောင်း​ ​ပြောဆိုတယ်။ ထိုင်း​နိုင်ငံမှာ က​နေ့​အ​ခြေအ​နေအရ မြန်မာနိုင်ငံက အလုပ်သမား​ပေါင်း​ ၈ သန်း​ခန့်​ရှိ​နေတဲ့​အ​ကြောင်း​။ နိုင်ငံသား​စိစစ်ပြီး​တာက ဂသိန်း​ရှိတဲ့​အ​ကြောင်း​။ ဒီအလုပ်သမား​တွေကို ထိုင်း​နိုင်ငံက ဥပ​ဒေ​ဘောင်ထဲက လူမှု​ရေး​၊​ ကျန်း​မာ​ရေး​စတဲ့​ အကာအကွယ်​ပေး​နိုင်ဖို့​အတွက် မြန်မာနိုင်ငံအစိုး​ရက ဒီထက်ပိုပြီး​ နိုင်ငံသား​စိစစ်မှုလုပ်နိုင်ဖို့​ တရား​ဝင်အလုပ်လုပ်နိုင်ဖို့​ တာဝန်ရှိတဲ့​အ​ကြောင်း​တွေ ​ပြောဆိုပါတယ်။

အခုအခါ ထိုင်း​အစိုး​ရက အလုပ်သမား​တွေကို တ​နေ့​ ဘတ် ၃၀၀ ရဖို့​ စီစဉ်​နေပြီး​ လာမယ့်​နှစ်ဇန်နဝါရီလ ၁ ရက်​နေ့​ကစပြီး​ မြန်မာအလုပ်သမား​တွေဟာ ထိုင်း​အလုပ်သမား​တွေလိုပဲ ၁ ရက်ကို ဘတ် ၃၀၀ ရရှိ​ရေး​ကို ​ဆောင်ရွက်​နေတဲ့​အ​ကြောင်း​ ​ပြောဆိုခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ​မေ ၃၀ ရက်​နေ့​က ထိုင်း​နိုင်ငံက မဟာချိုင်မှာ အလုပ်သမား​တွေနဲ့​ ​တွေ့​ဆုံပြီး​ အလုပ်သမား​တွေရဲ့​ပြဿနာ​တွေကို သိရှိခဲ့​ရပုံကို ​ပြောပြပြီး​ အလုပ်သမား​တွေကို ဖိနှိပ်မှု​တွေ၊​ လှည့်​ဖျား​ပြီး​ ပိုက်ဆံလိမ်လည်မှု​တွေ ရှိတယ်ဆိုတာကို ကြား​သိခဲ့​ရတဲ့​အ​ကြောင်း​ ​ပြောဆိုခဲ့​ပါတယ်။

ထိုင်း​ဒုဝန်ကြီး​ချုပ်က ဒီလိုကိစ္စမျိုး​တွေရှိခဲ့​ဖူး​ပြီး​ ဒီပြဿနာကို ​ဖြေရှင်း​ခဲ့​ပြီး​ဖြစ်တဲ့​အ​ကြောင်း​ပြန်လည် ​ပြောဆိုပြီး​ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေ ပိုက်ဆံအလိမ်မခံရ​အောင် ​ငွေ​ကြေး​ကို အလုပ်ရှင်ထံမှာပဲ မသိမ်း​ဆည်း​ကြဖို့​ လိုတဲ့​အ​ကြောင်း​ ​ပြောဆိုပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က အလုပ်သမား​တွေက သူတို့​ရဲ့​ နိုင်ငံကူး​ လက်မှတ် ​တွေကို အလုပ်ရှင်က သိမ်း​ထား​တဲ့​အတွက် အလုပ်​ပြောင်း​ရွှေ့​ရာမှာ အခက်အခဲရှိတာကို တင်ပြခဲ့​သလို အလုပ်အား​ရက်မှာ ဥပ​ဒေအရသတ်မှတ်ထား​တဲ့​ အချိန်ပိုဆင်း​ခမရတာ​တွေ ရှိတာ​တွေ ကြား​ခဲ့​ရပုံကို ​ဆွေး​နွေး​ပါတယ်။

ထိုင်း​-ဒုတိယဝန်ကြီး​ချုပ်ကလည်း​ ဒီကိစ္စ​တွေကို ​ဖြေရှင်း​နေပြီး​ ပိုမို ​လျော့​နည်း​သွား​အောင် ဆက်လက်ကြိုး​စား​သွား​မှာဖြစ်တယ်လို့​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က မြန်မာနိုင်ငံမှာ အ​ခြေအ​နေ​တွေ တိုး​တက်​ကောင်း​မွန်လာရင် ထိုင်း​မှာရှိတဲ့​ အလုပ်သမား​တွေအား​လုံး​ကို ပြန်လည်​ခေါ်နိုင်ပါလိမ့်​မယ်လို့​ ထိုင်း​ဝန်ကြီး​ချုပ်ကို ​ပြောဆိုခဲ့​ပါတယ်။ ထိုင်း​-မြန်မာ ဆက်ဆံ​ရေး​ကိုလည်း​ ပိုမို​ကောင်း​မွန်​စေမှာပါလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ ထိုင်း​မှာ​နေတဲ့​ မြန်မာက​လေး​တွေ ထိုင်း​စကား​ ထိုင်း​စာ တတ်တဲ့​အတွက် ထိုင်း​မြန်မာဆက်ဆံ​ရေး​ကိုလည်း​ အ​ထောက်အကူဖြစ်​စေမှာပါလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ အခုအခါ က​လေး​တွေကလည်း​ အလုပ်ရှင်နဲ့​ သူ့​မိဘ​တွေအကြား​မှာ ကူညီဘာသာပြန်​ပေး​ပါလိမ့်​မယ်လို့​ ​ပြောပါတယ်။

ထိုင်း​ဒုတိယဝန်ကြီး​ချုပ်က ထိုင်း​မှာ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေအနက် မြန်မာက အများ​ဆုံး​ဖြစ်တဲ့​အတွက် ထိုင်း​နိုင်ငံမှာ မြန်မာအလုပ်သမား​တွေ မရှိ​တော့​ရင် ထိုင်း​အလုပ်ရှင်​တွေအတွက် လုပ်ငန်း​ခွင်မှာ အခက်အခဲ ဖြစ်နိုင်တဲ့​အ​ကြောင်း​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ဒုက္ခသည်​တွေ တတိယနိုင်ငံကို သွား​ရောက်ဖို့​အတွက်လည်း​ ထိုင်း​နိုင်ငံက ကူညီ​ဆောင်ရွက်​ပေး​ဖို့​ ​ပြောချင်ပါတယ်လို့​ ​ပြောပါတယ်။ ဒီလိုပို့​ဆောင်တဲ့​အခါမှာလည်း​ ကာယကံရှင်​တွေရဲ့​ဆန္ဒအရသာ ပို့​ဆောင်သင့်​တဲ့​အ​ကြောင်း​ပြောပါတယ်။

ထိုင်း​အစိုး​ရက ဒုက္ခသည်​တွေကို တတိယနိုင်ငံကို ပို့​ဆောင်​ပေး​ခဲ့​တာ ရ​ထောင်​ကျော်ပို့​ဆောင်ခဲ့​ပြီး​ဖြစ်တဲ့​အ​ကြောင်း​ ​ပြောပါတယ်။ ထိုင်း​အစိုး​ရအ​နေနဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​ပညာတတ်​မြောက်​အောင် ဒုက္ခသည်စခန်း​တွေမှာ ပံ့​ပိုး​မှု​တွေရှိတဲ့​အ​ကြောင်း​ ​ပြောပါတယ်။

နယ်စပ်တ​ကြောက ဒုက္ခသည်စခန်း​ထဲက ဒုက္ခသည်​တွေကိုလည်း​ ထိုင်း​အစိုး​ရက ​စောင့်​ရှောက်ထား​တဲအတွက် မပူပန်ဖို့​နဲ့​ ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာမဟာမင်း​ကြီး​ရုံး​ကလည်း​ ​စောင့်​ရှောက်​နေတာ ဖြစ်တဲ့​အတွက် ​ပြောနိုင်တာက​တော့​ ဒုက္ခသည်​တွေကို အတင်း​အကျပ်မလုပ်​ဆောင်ဘဲ ကာယကံရှင်​တွေရဲ့​ ဆန္ဒအရသာ လုပ်​ဆောင်​ပေး​နေတာဖြစ်တဲ့​အ​ကြောင်း​ ​ပြောပါတယ်။

ဘာသာပြန် နန်း​မြနဒီ

source; http://www.komchadluek.net

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013