Home
မြန်မာသတင်း
ဝက်မှေးရွာသူ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ
Aung Ko Latt
·
March 29, 2018
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် စီမံကိန်းအနီး ဝက်မှေးရွာဟောင်းက နေအိမ်အချို့ကို ရဲတပ်ဖွဲ့က အင်အားသုံးပြီး ပြောင်းရွှေ့ရာမှာ ရွာထဲ ကားမဝင်ဖို့ တားဆီးနေတဲ့ အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။ ဝက်မှေးရွာဟောင်းရှိ နေအိမ် ၇ အိမ်ကို ပြောင်းရွှေ့ဖို့စီစဉ်ရာမှာ ရွာထဲကားမဝင်ဖို့ တားဆီးနေတဲ့သူတွေထဲက မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။ အခုလို နေအိမ်ပြောင်းရွှေ့ရာမှာ ရဲတပ်ဖွဲ့အင်အားမသုံးဖို့ ဒေသခံတွေက တားမြစ်ခဲ့ပေမယ့် အတင်းဝင်ရောက်ကာ ရွာထဲဝင်ခဲ့တာဖြစ်တယ်။ အိမ်ပြောင်းရာကို ဝမ်ပေါင်ကုမ္ပဏီက ကားတွေလည်း လာရောက်ကူညီခဲ့တယ်လို့ ဒေသခံ ကိုအောင်ဇော်ဦး ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေး ဆောင်ရွက်နေစဉ်ကာလဖြစ်လို့ ဖြေကြားနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့ကလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် လာရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။  ဒေသခံတွေကတော့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024