DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် အလုပ်လက်မဲ့များ၊ ကားခဈေးတက်
DVB
·
May 31, 2012
ဖားကန့်တွင် အလုပ်လက်မဲ့များ၊ ကားခဈေးတက်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင် အားလုံးရပ်နားဖို့ သတ္တုတွင်း ၀န်ကြီးက အမိန့်ထုတ်ခဲ့ပြီးနောက် အလုပ်လက်မဲ့ ကျောက်တူးသမားတွေ များလာတယ် လို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_26138" align="alignleft" width="300" caption="ရေမဆေးကျောက်ရှာနေသူများ"][/caption]

ရေမဆေး ကျောက်ရှာသမားတွေ လည်း အလုပ် လက်မဲ့ဖြစ်နေ သလို နေရင်းဒေသ ကို ပြန်ကြတဲ့ သူတွေလည်း များလာတယ်လို့ဖားကန့် က ရေမဆေး ကျောက် ရှာဖွေသူ တဦးက အခုလိုပြောပါတယ်။

“အကုန်လုံး ပြန်ကုန်ပြီ၊ ကုမ္ပဏီတွေ အကုန်နားတယ်။ ကျမ တို့ ရေမဆေးကျောက် ရှာစားတဲ့ သူတွေကိုလည်း မလုပ်ရဘူးဆိုပြီးမှ အမိန့်ထုတ်တာ။ နည်းနည်းပါးပါး ရှာတဲ့လူတွေလည်း ဖမ်းတယ်။”

တားမြစ်ထားတဲ့အတိုင်း မလိုက်နာဘဲ ကျောက်ရှာဖွေပါက ဖမ်းဆီးခံရတဲ့ သူတွေလည်း ရှိနေတယ်လို့ သူမက ဆိုပါတယ်။ နေ့စဉ် လုပ်သားများ အားလုံး ပြန်နေကြတဲ့အတွက်လည်း မြစ်ကြီးနားသွားတဲ့ ကားခတွေ တက်လာသလို မြို့ကလည်း တိတ်ဆိတ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ရာနဲ့ချီတဲ့လူတွေကလည်း နေ့စဉ် ဖားကန့်ကနေ ထွက်ခွာနေတယ်လို့လည်း ဆိုပါတယ်။

“ပြန်တဲ့လူတွေ တအားများလို့ ကားခတွေတောင် ဈေးတက်နေတာ။ အရင်က ၁ သောင်းကို အခု မှန်လုံကားခ ၁ သောင်း ၈ ထောင် ရှိတယ်။ ဗန်ကား၊ လိုင်းကားတွေကျတော့ အရင် ၂ သောင်းရှိတာ၊ အခု ၅ သောင်း၊ ၆ သောင်းလောက် ရှိတယ်။”

ဖားကန့် မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကျောက်တူး အလုပ်သမား ကုမ္ပဏီ ၀န်ထမ်းများ သိန်းချီရှိနေတယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုနေပါတယ်။

သတ္တုတွင်း ၀န်ကြီးဌာနက လုပ်ငန်းခွင် လုံခြုံရေး အကြောင်းပြချက်နဲ့ ဒီလကုန် မိုးတွင်းမှာ ကျောက်တူး လုပ်ငန်းတွေ ကို ရပ်နားဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013