Sunday, May 28, 2023
HomeLead Storyတရုတ်သမ္မတနှင့် ဆွေးနွေးမှု အရေးပါသည့် သမိုင်းမှတ်တိုင်ဖြစ်ဟု ကင်ဂျုံအန်း ပြော

တရုတ်သမ္မတနှင့် ဆွေးနွေးမှု အရေးပါသည့် သမိုင်းမှတ်တိုင်ဖြစ်ဟု ကင်ဂျုံအန်း ပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ နှစ်ဖက်ဆက်ဆံမှု တိုးတက်ရေးအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်တယ်လို့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းက မတ်လ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နှစ်ဖက် အကျိုးတူကိစ္စတွေကို ဆွေးနွေးရာမှာ သူ ကျေနပ်မှုရှိခဲ့တယ်လို့ သမ္မတ ကင်ဂျုံအန်းက ပြောဆိုကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကေစီအန်အေ သတင်းမှာ ဖော်ပြထားတာပါ။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ကြေညာတာမျိုး မရှိပါဘူး။

ဒါ့အပြင် နျူကလီးယားလက်နက် ဖျက်သိမ်းဖို့ သမ္မတ ကင်ဂျုံအန်းက ကတိပေးထားတယ်ဆိုတဲ့ ကိစ္စနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကေစီအန်အေသတင်းမှာ တစုံတရာ ပြောဆိုတာမျိုး မရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular