အရှေ့တောင်အာရှမှ ငှက်ဖျားဆေး သုံးပုံတပုံကျော်မှာ အတုများဖြစ်
DVB
·
May 31, 2012

အမေရိကန် ကျန်းမာရေးဌာန (US National Institute of Health) ရဲ့ သုတသနလေ့လာချက် အသစ်အရ ငှက်ဖျားဆေး အတုတွေဟာ အခြားသေစေလောက်တဲ့ ရောဂါတွေကို ကုသနှိမ်နင်းရာမှာ အန္တရာယ်ရှိနေကြောင်း ဖော်ပြပါတယ်။ အရှေ့တောင်အာရှက ထုတ်လုပ်တဲ့ ငှက်ဖျားဆေး သုံးပုံတပုံကျော်ဟာ အတုတွေဖြစ်နေပြီး၊ ဆဘ်ဆာဟာရ အာဖရိကကို တင်ပို့တဲ့ ငှက်ဖျားဆေးတွေ ကလည်း မှန်ကန်တဲ့ ဆေး အချိုးအစား ပါဝင်မှု မရှိတာ တွေ့ကြရပါတယ်။ ဒီအကြောင်းကို ဩစတြေးလျ ရေဒီယိုမှ သတင်းထောက် လင်ဒီ ကီရင်( Lindy Kerin) က သတင်းပေးပို့ထား ပါတယ်။