Home
မြန်မာသတင်း
ကယားပြည်​နယ်​အစိုးရနှင့် ထိုင်းနိုင်​ငံကိုယ်​စားလှယ်​များ တွေ့ဆုံ​ဆွေး​နွေး
DVB
·
March 27, 2018
29594946_260634571175312_7407172911522098088_n
29594570_260634847841951_8517444125302934963_n
29573366_260634741175295_2292601847911548848_n
29512817_260634434508659_5189097532521773396_n
29541415_260634501175319_3722485378158259886_n
29513220_260634617841974_1919441553121680735_n
  ကယားပြည်​နယ်​အစိုးရအဖွဲ့နဲ့ ​ ထိုင်းနိုင်​ငံကကိုယ်​စားလှယ်​​တွေဟာ ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့  ပြည်​နယ်​အစိုးရရုံးမှာ ဒီ​နေ့ ​တွေ့ဆုံ​ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ချစ်ကြည်ရေးတိုးမြှင့်လုပ်ဆောင်ဖို့ ဆွေး​နွေးခဲ့ကြပါတယ်​။ ဒီ​တွေ့ဆုံ​ဆွေး​နွေးပွဲမှာ မြန်​မာနိုင်​ငံနဲ့ ထိုင်း နှစ်​နိုင်​ငံ ဝင်​ထွက်​သွားလာတဲ့ အခါ​တွေမှာ သက်​ဆိုင်​ရာ နိုင်​ငံရဲ့ ဥပ​ဒေကို အပြန်​အလှန်​ ​လေးစားလိုက်​နာကြဖို့၊ ထိုင်းနိုင်​ငံဘက်​ကို ဝင်​​ရောက်​​နေတဲ့ ကျွဲ၊ နွား​မှောင်​ခို​တွေကို အ​ရေးယူ​ပေးဖို့၊ နှစ်​နိုင်​ငံ ကုန်​သွယ်​​ရေး ကဏ္ဍကို မြှင့်​တင်​ဖို့နဲ့ နှစ်​ဖက်​ချစ်​ကြည်​​ရေးကိုလည်း ဆက်​လည်​ တည်​​ဆောက်​သွားဖို့ ​ဆွေး​နွေးခဲ့ကြပါတယ်​။ ကယားပြည်​နယ်​ ဝန်​ကြီးချုပ်​ ဦးအယ်​လ်​​ဖောင်းရှိုက"​ရေရှည်​မှာ တကယ့် ညီအစ်​မမြို့​တော်​ အသွင်​​ပေါက်​ဖို့အတွက်​ ကျ​နော်​တို့ နှစ်​ဖက်​ အပြန်​အလှန်​​လေးစားလိုက်​နာဖို့ ကြိုးစားတဲ့​နေရာမှာ ကျ​နော်​တို့ မြန်​မာဘက်​ခြမ်းက​နေ ကယားပြည်​နယ်​အစိုးရဘက်​က​နေ တာဝန်​ယူမှု တာဝန်​ခံမှု အပြည့်​နဲ့ ကြိုးပမ်းသွားမယ်​။ နိုင်​ငံတကာ ကုန်​သွယ်​​ရေးစင်​တာ ဖြစ်​လာဖို့အတွက်​လည်းပဲ အစိုးရချင်း ​ဆောင်​ရွက်​နိုင်​ဖို့အတွက်​ ကျ​နော့်​ဘက်​က​နေ အမြဲတမ်း မဖြစ်​မ​နေတိုးတက်​​အောင်​ ကြိုးပမ်းအ​ကောင်​အထည်​​ဖော်​​နေတာကို သိ​စေချင်​ပါတယ်"လို့ ​ပြောပါတယ်​။ ကယားပြည်​နယ်​လွိုင်​​ကော်​မြို့နဲ့ ထိုင်းနိုင်​ငံမယ်​​ဟောင်​​ဆောင်​မြို့ကို ညီအစ်​မ မြို့​တော်​အဖြစ်​ သတ်​မှတ်​ဖို့ ၂၀၁၇ ခုနှစ်​ကတည်းက နှစ်​နိုင်ငံ MOU သဘောတူညီချက် လက်မှတ် ​ရေးထိုးထားခဲ့တာပါ။ အဆိုပါ ​တွေ့ဆုံပွဲမှာ ကယားပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးအယ်​​လ်​​ဖောင်းရှို အပါ​အဝင်​ ဝန်​ကြီးအဖွဲ့​တွေနဲ့ မြန်​မာနိုင်​ငံဆိုင်​ရာ ထိုင်းသံအမတ် ဂျူကာဘွမ်လောင်း၊၊ မယ်​​ဟောင်​​ဆောင်​ ခရိုင်​ဝန် ဆူဘဆတ်အမ်ဝိကျန်း​နဲ့ တခြား ဝန်​ကြီးအဖွဲ့​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ မြန်​မာ - ထိုင်း နှစ်​နိုင်​ငံ သံတမန်​ထူ​ထောင်​မှု နှစ်​ (၇၀) ပြည့်​ အထိမ်းအမှတ်​အဖြစ်​ နိုင်​ငံပူး​ပေါင်းပြီး လွိုင်​​ကော်​​ဆေးရုံကြီးမှာလည်း အကြားအာရုံ ​ဝေဒနာရှင်​​တွေကို အခမဲ့ စစ်​​ဆေးကုသ​ပေး​နေပါတယ်​။ သတင်း - ခွန်းတူးတူး​လေး (လွိုင်​​ကော်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024