Sunday, May 28, 2023
Homeမြန်မာသတင်းနိုင်ငံရေးေဒၚေအာင္ဆန္းစုၾကည္ ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည် ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်နေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း ဒုတိယ ၀န်ကြီးချုပ် ချန်လန်းနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဘန်ကောက်မှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲ အပြီးမှာ မနေ့က ရောက်ရှိခဲ့တဲ့ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသကို ထိုင်းအစိုးရ အစီအစဉ် အရ ထပ်မံ သွားရောက်ပြီး ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို ယာယီပတ်စပို့ ထုတ်ပေးတဲ့ရုံးကို သွားရောက်မယ် လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့် က ပြောပါတယ်။ ညပိုင်းမှာတော့ ထိုင်း ၀န်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က တည်ခင်းတဲ့ ညစာစားပွဲကို တခြား နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်ဖို့ ရှိပါတယ်။

မနက်ဖြန်ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ one on one အစီအစဉ်နဲ့ ထိပ်တိုက်တွေ့ဆုံ မေးမြန်းခန်း အစီအစဉ်ရှိပြီး ကမ္ဘာတလွှားက ပရိသတ်တွေ အင်တာနက်ဝက်ဘ်ဆိုက်ကနေ ထိုင်းစံတော်ချိန် မနက် ၈ နာရီခွဲကနေ ၉ နာရီထိ နာရီဝက်ကြာ  တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ မီဒီယာတွေကို ဘန်ကောက်မြို့ ရှန်ဂရီလာ ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲပေးဖို့ စီစဉ်ထားပါတယ်။ သန်ဘက်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ စင်းလုံးငှားလေယာဉ်နဲ့ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းကို သွားရောက်မှာဖြစ်ပြီး တိုင်းရင်းသားခေါင်းဆောင် တချို့နဲ့ တွေ့ဆုံဖို့ရှိပြီး အပြန်မှာ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းကို သွားရောက်ဖို့ ရှိပါတယ်။ အဲဒီနောက် ဘန်ကောက်ကို ပြန်ပြီး ၃ ရက်နေ့မှာ မြန်မာပြည်ကို ပြန်ဖို့ စီစဉ်ထားတယ် လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular