DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ ညီလာခံစတင်
DVB
·
May 30, 2012
ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ ညီလာခံစတင်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွမြို့​မှာ ဒီ​နေ့​ စတင်ကျင်း​ပတဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ ညီလာခံမှာ ညီလာခံကိုယ်စား​လှယ်​တွေက ပြည်​ထောင်စုစစ်စစ် ​ပေါ်ထွန်း​လာ​ရေး​ကိစ္စကို ဝိုင်း​ဝန်း​ဆွေး​နွေး​ခဲ့​ကြပါတယ်။

[caption id="attachment_25306" align="alignleft" width="150" caption="​ဒေါက်တာ​အေး​မောင်"][/caption]

ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က “အဓိကက​တော့​ ပြည်​ထောင်စုပုံသဏ္ဌာန်မှန်ဖို့​ ကျ​နော်တို့​က ဝိုင်း​ဆွေး​နွေး​ကြတာ​ပေါ့​။ ပြည်​ထောင်စုပုံသဏ္ဌာန် မှန်မှလည်း​ ဖြစ်မယ်ဆိုတဲ့​သ​ဘောနဲ့​ ​ဆွေး​နွေး​ပါတယ်။ အဓိကက​တော့​ ပြည်​ထောင်စု လွတ်လပ်​ရေး​ရကတည်း​က ​မျှော်မှန်း​ခဲ့​တဲ့​ ကျ​နော်တို့​ ပြည်​ထောင်စုပုံသဏ္ဌာန်ဟာ က​နေ့​ထက်ထိ မမှန်​သေး​လို့​ ဒီ​နေ့​ထိ ဒီပြဿနာ​တွေကို ​ဖြေရှင်း​နေရတယ်ဆိုတဲ့​သ​ဘော ​ဇောင်း​ပေး​ပြောတာ​ပေါ့​။ အဓိက​တော့​ ဖက်ဒ​ရေး​ရှင်း​ရဲ့​ အနှစ်သာရ​တွေ။ အဲ​တော့​ ပြည်​ထောင်စုရဲ့​ ပုံသဏ္ဌာန်ဟာ ပြည်​ထောင်စုစစ်စစ်ဖြစ်မှပဲ ဒီကဏ္ဍ​တွေကို ​ဖြေရှင်း​နိုင်မယ်” လို့​ ​ပြောပါတယ်။

ပင်လုံသ​ဘောတူညီချက်ရယူပြီး​ ရရှိခဲ့​တဲ့​ မြန်မာပြည်ရဲ့​ လွတ်လပ်​ရေး​ဟာ လွတ်လပ်​ရေး​ရပြီး​ ဆယ်နှစ်ဝန်း​ကျင်ခန့်​မှာပဲ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​အတွက် တိုင်း​ရင်း​သား​တွေ လက်နက်ကိုင်တိုက်​နေတာ ဒီ​နေ့​ထိ မ​ပြေလည်​သေး​ပါဘူး​။

ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီ ညီလာခံမှာ အမျိုး​သား​အင်အား​စုအဖြစ် ရပ်တည်ဖို့​ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ပူး​ပေါင်း​နိုင်​ရေး​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စနဲ့​ ကချင်ပြည်နယ်က စစ်ပွဲ​တွေကိစ္စ​တွေကိုလည်း​ တင်သွင်း​ခဲ့​တယ်လို့​ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

“ကချင်ပြည်နယ်မှာ နှစ်ဖက်ရင်ဆိုင်ဖြစ်ပွား​နေတဲ့​ ကိစ္စ​လေး​တွေ ပထမဆုံး​ ငြိမ်း​ချမ်း​မှု ရဖို့​အတွက် ဒါ အပစ်ခတ်ရပ်စဲပါ။ အဲဒီ​နောက် နှစ်ဖက် ငြိမ်း​ချမ်း​မှုရဲ့​ အဓိကပင်မ ပြဿနာ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​နဲ့​ ​ဖြေရှင်း​ပါဆိုတဲ့​ ဥစ္စာ​လေး​ ​တောင်း​ဆိုခဲ့​တာ​ပေါ့​။”

ရှေ့​လုပ်ငန်း​စဉ်​တွေအဖြစ် နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ စိုက်ပျိုး​ရေး​၊​ ​ရေလုပ်ငန်း​၊​ ​မြေယာ၊​ လျှပ်စစ်၊​ စစ်မှုကဏ္ဍ​တွေ၊​ ဘဏ္ဍာ၊​ သစ်​တော၊​ အစိုး​ရစီမံကိန်း​ကဏ္ဍ၊​ ပညာ၊​ ကျန်း​မာ၊​ ယဉ်​ကျေး​မှု၊​ သဘာဝပတ်ဝန်း​ကျင်၊​ သယ်ယူပို့​ဆောင်​ရေး​၊​ တိုင်း​ရင်း​သား​၊​ လူငယ်နဲ့​ အမျိုး​သမီး​စတဲ့​ ကဏ္ဍ​တွေကို အဆိုတင်သွင်း​ခဲ့​ကြပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​လွတ်​မြောက်​ရေး​၊​ ရခိုင်အမျိုသား​နေ့​၊​ ရခိုင်အမျိုး​သား​ဝတ်စုံကိစ္စ​တွေကိုလည်း​ ​ဆွေး​နွေး​ခဲ့​သလို မနက်ဖြန်ကျရင် ​ဆွေး​နွေး​မှာနဲ့​ပတ်သက်လို့​ ​ဒေါက်တာ​အေး​မောင်က ခုလို ​ပြောသွား​ပါတယ်။

“မနက်ဖြန်မှာ​တော့​ ဒီတင်သွင်း​တဲ့​ အဆို​လေး​တွေအ​ပေါ်မှာ သုံး​သပ်ချက် ရှိမယ်။ ဗဟို​ကော်မတီရဲ့​ အစီရင်ခံစာအ​ပေါ်မှာ ​ဆွေး​နွေး​မယ်၊​ ဘဏ္ဍာ​ရေး​လည်း​ ပါတာ​ပေါ့​။ ​နောက် ​ရှေ့​လုပ်ငန်း​စဉ်အ​ပေါ်မှာ ​ဆွေး​နွေး​မယ်။ အတွင်း​ရေး​မှူး​ရဲ့​ နိုင်ငံ​ရေး​အစီရင်ခံစာမှာ ​ဆွေး​နွေး​မယ်။ အဲဒီ​နောက်​တော့​ အဆို​လေး​တွေ ရှိမှာ​ပေါ့​ အမျိုး​သား​နေ့​ သတ်မှတ်ဖို့​ရယ်၊​ ဖက်ဒ​ရေး​ရှင်း​လုပ်မယ်ဆိုရင် ဖက်ဒ​ရေး​ရှင်း​ ပုံစံ​လေး​တွေရယ်။ စာ​ပေ​ပေါ့​နော် သမိုင်း​နဲ့​ ပတ်သက်လို့​ ကိုယ့်​သမိုင်း​ကိုယ် တိုင်း​ရင်း​သား​ဒေသ​တွေမှာ သင်ကြား​ခွင့်​နဲ့​ ပတ်သက်လို့​ အဆို​လေး​တခု တက်လာနိုင်တယ်။ ​နောက် တိုင်း​ရင်း​သား​ဝတ်စုံနဲ့​ ပတ်သက်လို့​လည်း​ တက်လာနိုင်တယ်။ ​နောက် ရခိုင်စာ​ပေကို သင်ကြား​ရေး​ပေါ့​နော် အဲဒါနဲ့​ ပတ်သက်လို့​လည်း​ တင်ထား​တာ​တွေ ရှိတယ်။”

ညီလာခံမှာ လွှတ်​တော်အ​တွေ့​အကြုံ ပြည်နယ်အစိုး​ရဝန်ကြီး​တွေရဲ့​ အ​တွေ့​အကြုံနဲ့​ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တို့​ရဲ့​ အ​ခြေအ​နေ​တွေကို ရှင်း​လင်း​ခဲ့​တယ်လို့​ ဆိုပါတယ်။

ပါတီဥက္ကဋ္ဌရဲ့​အစီရင်ခံစာမှာ ရခိုင်သမိုင်း​၊​ ပါတီရဲ့​အ​ခြေအ​နေနဲ့​ သွား​ရာလမ်း​၊​ ​ရွေး​ကောက်ပွဲဖြတ်သန်း​မှုအ​တွေ့​အကြုံနဲ့​ အမတ်​တွေရဲ့​ လွှတ်​တော်တွင်း​ ​ဆောင်ရွက်ချက်၊​ အား​သာချက်အား​နည်း​ချက်​တွေကို ​ပြောဆိုခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013