မန္တလေးကန်တော်ကြီးပန်းခြံတွင် တော်လှန်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်လှစ်
DVB
·
March 27, 2018
မန္တလေးမြို့ ကန်တော်ကြီးပန်းခြံအတွင်းမှာ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။
တပ်မတော်ကို တည်ထောင်ခဲ့သူ၊ မြန်မာနိုင်ငံလွတ်လပ်ရေးကိုရယူပေးခဲ့သူ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုတွေများလာတာဟာ ဖောင်းပွလာတာမဟုတ်ပဲ သူရဲ့ ကျေးဇူးကို ပြန်လည်ဂုဏ်ပြုကြတာလို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ကြေးရုပ်ဖွင့်ပွဲမှာ ပြောပါတယ်။
အသက် (၃၂) အရွယ် လူငယ်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို အနာဂတ်လူငယ်တွေ စံနမူနာထား အတုယူစေဖို့ရည်ရွယ်ပြီး လှူဒါန်းခဲ့တယ်လို့ အလှူရှင်မိသားစုက ပြောပါတယ်။