Monday, May 29, 2023
HomeLead Storyအိန္ဒိယ-မြန်မာရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်

အိန္ဒိယ-မြန်မာရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် မြန်မာရေတပ်မတော်က ဆင်ဖြူရှင်စစ်သင်္ဘောနဲ့ အင်းလေးစစ်သင်္ဘောတို့ အိန္ဒိယနိုင်ငံ ဗီဆတ်ဟာပတ်နမ်ဆိပ်ကိမ်းမှာ ရောက်ရှိနေပါတယ်။

၂၀၁၈ အိန္ဒိယ-မြန်မာရေတပ်လေ့ကျင့်မှု IMNEX-18ကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်တာဖြစ်ပြီး  စစ်ရေးလေ့ကျင့်မှုကိုကဏ္ဍ နှစ်ခုခွဲပြုလုပ်မှာဖြစ်တယ်လို့ အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၅ရက်ကနေ ၃၀ ရက်အထိ ဆိပ်ကမ်းမှာပူးတွဲလေ့ကျင့်မှာဖြစ်ပြီး မတ်လ ၃၁ရက်ကနေ ဧပြီ ၃ရက်အထိတော့ ပင်လယ်ထဲမှာ နှစ်နိုင်ငံ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ  အိန္ဒိယစစ်သင်္ဘောတွေဖြစ်တဲ့ Sahyadri နဲ့  Kamorta တို့ အပြင် ရဟတ်ယာဉ်၊ ဂျက်လေယာဉ်နဲ့ ရေငုပ်သင်္ဘောတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-India Navy

RELATED ARTICLES
- Advertisment -
Google search engine

Most Popular