DVB Logo
Home
မြန်မာသတင်း
စားသုံးဆီအတုများ တားဆီးရန် ပြည်ထောင်စုအစိုးရတွင် တာဝန်ရှိဟုဆို
DVB
·
May 30, 2012
Donate to DVB

မန္တလေးဈေးကွက်ထဲမှာ စားသုံးဆီအတုတွေ ရောင်းချနေတယ်လို့ သိရပါတယ်။

မူဆယ် နယ်စပ်လမ်းကြောင်းက၀င်လာတဲ့ တာတုံးယုံ၊ ရှောက်မိုင်းယန့်၊ ဂျင်းလီ စတဲ့အမှတ်တံဆိပ်ပါ စားသုံးဆီတွေဟာ တရုတ်နိုင်ငံမှာရှိတဲ့ ဆီစက်တွေက ဘေးထွက်ပစ္စည်းတွေကို ဓာတုဗေဒနည်းနဲ့ အရောင်ချွတ်ထားပြီး၊ ပဲဆီအနံ့ သွင်းထားတဲ့ စားသုံးဆီအတုတွေ ဖြစ်တယ်လို့ ဒီနေ့ထုတ် ကြေးမုံ သတင်းစာ မှာ ဖော်ပြထားပါတယ်။

မန္တလေးဈေးကွက်ထဲ ၀င်လာတဲ့ တရုတ်နိုင်ငံက စားသုံးဆီ တချို့ဟာ စားသုံးဖို့ မသင့်ဘူးလို့ မြန်မာနိုင်ငံ ဆေးဝါးနဲ့အစားအသောက် ကွပ်ကဲရေးဌာနက ကြေညာလိုက်ပါတယ်။

မန္တလေးမြို့မှာ တရုတ်ကလာတဲ့ဆီတွေကို သုံးစွဲသူများပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေဟာ ဆီကို ရွေးချယ်ဝယ်ယူ စားသုံးဖို့ အခွင့်အရေး မရှိကြတဲ့ အကြောင်း မြို့ခံ သတင်းသမား တဦးက မှတ်ချက်ပေး ပြောဆိုပါတယ်။]

တရုတ်နယ်စပ်ကနေ တရားမ၀င် လမ်းကြောင်းက ၀င်လာတဲ့ ဒီစားသုံးဆီတွေကို တားဆီးဖို့ ပြည်ထောင်စု အစိုးရမှာ တာဝန်ရှိတယ် လို့ မန္တလေးမြို့က ဆီကုန်သည်အသင်း ဥက္ကဋ္ဌ ဦးကိုကြီးက ပြောပါတယ်။

“တကယ်တမ်း တားဆီးရမှာကတော့ ဒီနိုင်ငံတော် ပြည်ထောင်စုအစိုးမှာ တာဝန်ရှိတာပေါ့လေ။ ဒါတွေကို မဝင်အောင် တားဆီးရမှာက ပြည်ထောင်စုအစိုးရမှာပဲ တာဝန်ရှိတယ်။ ဒါပေမဲ့ ဒါတွေက သူတို့ ဒီ ကျနော်တို့ တွေ့နေရတဲ့ အနေအထားက၊ နိုင်အောင် မတားဆီးနိုင်တဲ့အတွက် ဒီဘက်ကို ဝင်နေတာလို့လည်း ကျနော်တို့က သိရတယ်။ သိရတော့ ဒါတွေကို ကျနော်တို့က အဲဒီဘက်က မှောင်ခိုဝင်မယ့် ဆီတွေကို FDA (အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့) စစ်ပါ။ ကျနော်တို့က FDA စစ်ပြီးလို့ရှိရင် တရားဝင်ကို အကောက်ခွန် ကောက်ပြီးတော့ ဝင်ခွင့်ပေးလိုက်ပါ။ ဒီလမ်းကြောင်းက နိုင်အောင်ပိတ်ဖို့လည်း ခက်တယ်လို့ သူတို့ပြောနေတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းကြောင်းအပေါက်တွေက များနေတယ်လေ။ များနေတော့ အဲဒါတွေကို ကျနော်က ပြောတာက FDA စစ်ပါ။ လူထုအတွက် ကျန်းမာရေးအတွက် သင့်တော်တယ် ထင်လို့ရှိရင် ဝင်ခွင့်ပေးလိုက်ပါ၊ အခွန်ကောက်ပါ။ အဲဒီလို ကျနော်တို့က အကြံတော့ပေးထားတယ်။ ဒါပေမယ့် အဲဒီဘက်ကတော့ ဘာမှ သူတို့ လုပ်ဆောင်တာတွေ၊ ကျနော်တို့ ဘက်ကို အကြောင်းကြားတာတော့ မရှိသေးဘူးခင်ဗျ။”

ဒီစားသုံးဆီအတုတွေကို တရုတ်ပြည်ထဲမှာ ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်း အခုလိုမြန်မာပြည်ထဲ ၀င်လာတာလို့ ဦးကိုကြီးက ပြောပါတယ်။

စားအုန်းဆီ အစစ်ကို ပုံမှန်စားသုံးရင်တောင် ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်ပြီး၊ ဒီဆီအတုတွေကိုတော့ လူ မဆိုထားနဲ့ တိရစ္ဆာန်တွေမှာတောင် စားသုံးဖို့မသင့်ဘူးလို့ မြို့ခံ ဆရာဝန် တဦးက မှတ်ချက်ပေး ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရားမ၀င်လမ်းကြောင်းက ၀င်ရောက်နေတဲ့ စားသုံးကုန်ပစ္စည်း ပမာဏဟာ တရားဝင် ၀င်ရောက်လာတဲ့ ပမာဏထက် ၃ဆလောက် ရှိတယ်လို့ စီးပွားရေးပညာရှင် တဦးက စာတမ်းဖတ်ပွဲ တခုမှာ ဖတ်ကြား တင်ပြခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013