Home
မြန်မာသတင်း
စိတ်​​ဖောက်​ပြန်​​နေသည့်သား၏ ရိုက်​နှက်​မှု​ကြောင့် ဖခင်​​သေဆုံး
DVB
·
March 26, 2018
29512550_349240912236592_7933611280453344877_n
  မ​ကွေးတိုင်း​ဒေသကြီး တောင်​တွင်းကြီးမြို့နယ်​ ကံ​ပေးကြီးကျေးရွာအုပ်​စု တလုပ်​ပင်​​ကျေးရွာမှာ မတ်​ ၂၅ ရက်​ ည ၁၀ နာရီခွဲလောက်က   စိတ်ဖောက်ပြန်နေတဲ့ သားဖြစ်သူရိုက်နှက်လို့ ဖခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဆတ်သွားရဲစခန်းက သိရပါတယ်။ တလုပ်ပင်ရွာခွဲတာဝန်​ခံ ဦး​မောင်​စိုးက"တစ်​လမ်း​ကျော်​ ဦးခင်​​မောင်​မြင့် (၆၅ နှစ်​) အိမ်​ဘက်​မှဆူညံသံတွေကြားလို့ ကို​မောင်​ထွန်း၊ ဦး​မောင်​လှိုင်​၊ ကိုစံဖဲတို့နဲ့ သွား​ရောက်​ ကြည့်တော့ ဦးခင်​​မောင်​မြင့်မှာ ​နေအိမ်​​မြောက်​ဘက်​တွင်​​သေဆုံး​နေပြီး အနီးမှာလည်း ဘုန်း​မောင်​မြင့် (၂၈ နှစ်)​မှာ ဝဲလက်​မှာ အရှည်​ (၂)​တောင်​ခန့်​ရှိ ပျဉ်​​ချောင်း(၁)​ချောင်း၊ အရှည်​(၂) ​တောင်​ခန့်​ရှိ ဝါယာကြိုး(၁)​ချောင်းကို ကိုင်​​ဆောင်​ထားတာ​ကို​တွေ့ရသလို ဦးခင်​​မောင်​မြင့်ရဲ့ လည်​ပင်းမှာ​ ညိုမဲ(ကြိုးဒဏ်​ရာ) ဝမ်းဗိုက်​မှာ ပွန်းခြစ်​ဒဏ်​ရာ ၂ ချက်​​တွေ့ရတယ်" လို့ ပြောပါတယ်။ ဦးခင်​​မောင်​မြင့်တို့​နေအိမ်​မှာ သားအဖနှစ်​ဦးသာ ​နေထိုင်​ပြီး ကျန်တဲ့မိသားစုဝင်တွေ ကတော့ ထိုင်းနိုင်​ငံသို့ သွား​ရောက်​အလုပ်​လုပ်​ကိုင်​​နေ​ကြောင်း၊ လွန်​ခဲ့​တဲ့ ၇ လလောက်က စကာ ဘုန်း​မောင်​မြင့် မကြာခဏ စိတ်​​ဖောက်​ပြန်​လို့ ထိုင်းနိုင်​ငံကနေ နေအိမ်​သို့ ပြန်​လည်​​ရောက်​ရှိလာသူဖြစ်​​တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘုန်းမြင့်မောင်​ (၂၈ နှစ်)ကို ဥပ​ဒေအရအ​ရေးယူ​ပေးဖို့ ရွာခွဲ တာဝန်​ခံဦး​မောင်​စိုးက တရားလိုပြုတိုင်​တန်းခဲ့ပြီး ဆတ်​သွားနယ်​​မြေ ရဲစခန်းမှ(ပ) ၄၄/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ(၃၀၂)နဲ့ အမှု​ဖွင့်ထားပါတယ်။ သားကြီး (တောင်တွင်းကြီး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024