Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်တွင် ငွေကျပ်သိန်း ၁၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
March 26, 2018
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၁၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်တွေမြို့နယ် ရေချမ်းပြင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ် ၂၄ ရက်နေ့ ညနေပိုင်းက ရေချမ်းပြင်ဆိပ်ကမ်း မေယုဘုရင်ဇတ် ရေယာဉ်ပေါ်ရှိ မော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်မောင်း ထွန်းအောင်သိန်း၊ ယာဉ်ပိုင်ရှင် ကျော်ကျော်လင်းတို့ ဖြစ်ကြောင်း သိရှိရတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမှာ ရပ်ထားတဲ့ မော်တော်ယာဉ်ပေါ်မှာ ယာဉ်ပိုင်ရှင် ကျော်ကျော်လင်း၊ နေဇော်မင်းနဲ့ မမြတ်သန္တာတို့ကို တွေ့ရှိရလို့ ခေါ်ဆောင်ခဲ့ပြီး မော်တော်ယာဉ်ကို ရှာဖွေရာ SCG ဘိလပ်မြေအိတ်များအတွင်းမှ ပလတ်စတစ်အကြည်နဲ့ ထုပ်ထားတဲ့ ကျပ်သိန်း ၁၉၄၈၈ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၉,၆၀၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ကျော်ကျော်လင်း၊ နေဇော်မင်းနဲ့ မမြတ်သန္တာတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။ ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ညနေပိုင်းကလည်း မော်တော်ယာဉ်တစီးပေါ်ကနေ ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့ပါတယ်။ ဓာတ်ပုံ - ရဲဇာနည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024