Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေးပွဲ ရွေ့လျားယာဉ်ဖြင့် ပြုလုပ်
DVB
·
March 25, 2018
  သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေ ပပျောက်ရေး အသိပညာပေးပွဲကို ရွေ့လျားမော်တော်ယာဉ်နဲ့ ရန်ကုန်မြို့တွင်းမှာ လှည့်လည်ပြုလုပ်နေပါတယ်။ အသက် ၁၂ နှစ်အောက် ကလေးသူငယ်များ ကူညီစောင့်ရှောက်ရေး လူမှုရေးလုပ်ငန်းတွေ ပြုလုပ်နေတဲ့ save myanmar children အဖွဲ့ကနေ ဒီလှုပ်ရှားမှုကို ဦးဆောင် ပြုလုပ်တာဖြစ်ပြီး မတ် ၂၃-၂၄ စနေ၊ တနင်္ဂနွေနေ့တွေမှာ ရန်ကုန်မြို့တွင်း ၄ မြို့နယ်က လူစည်ကားရာ နေရာတွေကို မော်တော်ယာဉ်နဲ့ လှည့်လည်တာပါ။ အဲဒီမော်တော်ယဉ်ပေါ်မှာ ဂီတတီဝိုင်းတခုစာပြင်ထားပြီး မြို့နယ်အတွင်း လူစည်ကားရာနေရာတွေမှာ အဆိုတော်တွေက သီဆိုဖျော်ဖြေခဲ့ကြသလို စာရေးဆရာတချို့က သက်ငယ်မုဒိမ်းနဲ့ ပတ်သက်လို့ အသိပေးဟောပြောကြပါတယ်။ လမ်းမတော်မြို့နယ် ဂျန်းရှင်းမော်တော်ရှေ့မှာတော့ စာရေးဆရာမ နှင်းပန်းအိမ်၊ နှင်းဝေငြိမ်းတို့က မတ် ၂၄ ရက်နေ့ညပိုင်းက ဟောပြောသွားပြီး ကလေးသူငယ်တွေကို ကူညီ စောင့်ရှောက်ကြဖို့၊ ကိုယ့်ကျင့်တရားကောင်းမွန်အောင် စာဖတ်ကြဖို့ တိုက်တွန်းသွားပါတယ်။ သက်ငယ်မုဒိမ်းမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ save myanmar children အဖွဲ့က အသိပညာပေး လက်ကမ်းစာစောင်တွေဝှေခဲ့ကြပါတယ်။ နောက်ပိုင်းမှာလတွေမှာလည်း ဒီလိုအသိပညာပေးယာဉ်နဲ့ စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့နဲ့ တခြားမြို့နယ်တွေကို လှည့်လည်သွားဖို့ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024