ဖောက်ပြန်သည်ဆိုပြီး ဇနီးဖြစ်သူအား သစ်ပင်တွင် ကြိုးချည်ရိုက်နှက်သည့်အမျိုးသားကို အမှုဖွင့် (ရုပ်သံ)

အော်ဟစ်နေတဲ့ လူအုပ်ရှေ့ ဇနီးသည်ဖြစ်သူကို သူမရဲ့ ခင်ပွန်းက အကြိမ်တရာကျော် ရိုက်နှက်ခဲ့ပြီး သူမလဲကျချိန် လူအုပ်က သူမကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့အမှု ဖြစ်ခဲ့ကြောင်း သည်ဆန်းသတင်းမှာ မတ်လ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံ၊ အူတာပရာဒဲ့ရှ်ပြည်နယ်၊ ဘူလန်ရှာမြို့မှာ အမျိုးသမီးက အိမ်ထောင်ရေးဖောက်ပြန်လို့ အပြစ်ပေးတဲ့အနေနဲ့ ခင်ပွန်းဖြစ်သူက သားရေခါးပတ်နဲ့ အကြိမ်ကြိမ်ရိုက်ခဲ့ပြီး အမျိုးသမီး နာကျင်မှုနဲ့ အော်ဟစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ ရိုက်ချက်ကြောင့် အမျိုးသမီး သတိမေ့လဲကျသွားတာကို အမျိုးသားတွေနဲ့ ကောင်လေးတွေက ဝိုင်းကြည့်နေကြပါတယ်။ အဲဒီနောက် အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးကို ကြည့်နေတဲ့ ရွာသားအချို့က လိင်ပိုင်းဆိုင်ရာစော်ကားပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားကြတယ်လို့ သိရပါတယ်။ သူမ သတိပြန်ရလာချိန်မှာ သူတို့ဒီလိုလုပ်တာ ရဲတွေကို ပြန်မပြောဖို့ သူမကို သတိပေးသွားပြီး စော်ကားဖို့ကြိုးစားသူတွေ ထွက်ပြေးသွားကြပါတယ်။ ရွာတွေမှာရှိတဲ့ တရားမဝင် အရပ်လူကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ခုံရုံးကနေ အမျိုးသမီးက သူမရဲ့ချစ်သူနဲ့ လိုက်ပြေးသွားလို့ အပြစ်ရှိတဲ့အတွက် ဒီလိုဆိုးရွားတဲ့ ပြစ်ဒဏ် ပေးခဲ့တာလို့ သိရပါတယ်။ မိုဘိုင်းဖုန်းနဲ့ရိုက်ထားတဲ့ ရုပ်သံထဲမှာ အမျိုးသမီးကို လူမြင်ကွင်း သစ်ပင်ကြီးတခုပေါ်ကနေ ကြိုးနဲ့တွဲလောင်းချည်ချပြီး အမျိုးသားက သူမ မေ့လဲသွားတဲ့အထိ ရိုက်နေတာ တွေ့ရပါတယ်။ အမျိုးသမီးက ဆိုးဆိုးရွားရွား ဒဏ်ရာရနေကာ ရိုက်နှက်ပြီး တပတ်ကြာတဲ့နောက် အမျိုးသားကို အမှုဖွင့်ခဲ့ပါတယ်။ သူမရဲ့ပြောကြားချက်အရ ရဲတွေက ခင်ပွန်းဖြစ်သူ ရွာလူကြီးဟောင်းတဦးနဲ့ ရွာက အားကောင်းမောင်းသန် အမျိုးသား ၅ ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ စခန်းမှူးနဲ့ ရဲစုံစမ်းရေးအရာရှိ အယ်တက်ဖ်အန်စာရီက “အမှုအတွင်း အခြားကျူးလွန်သူတွေကိုလည်း ကျနော်တို့ ရှာဖွေနေပါတယ်။ အမျိုးသမီးကတော့ ဆေးစစ်ဖို့ ဆေးရုံကို ပို့ထားတယ်” လို့ ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up