ဒုံးကျည်စနစ်သုံး၍ စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံ ရုရှားဖြန့်ချိ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ပြည်နယ်အရှေ့ပိုင်း ဘာယာတီယာခရိုင်ထဲမှာ S-300 ဒုံးကျည်စနစ်တွေသုံးပြီး စစ်ရေး လေ့ကျင့်နေပုံ ရုပ်သံကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။ ပစ်မှတ်တွေ အနေနဲ့ ပျံသန်းနေတဲ့ ယန္တရား အသေးစားလေးတွေကို သုံးခဲ့တယ်လို့ ရုပ်သံနဲ့အတူ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ S-300 ဒုံးကျည်စနစ်တွေဟာ မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်ကာကွယ်ဖို့ အထူး ထုတ်လုပ် ထားပါတယ်။ ဆိုက်ဘေးရီးယားပြည်နယ်ထဲက တေလမ်ဘာ တောင်တန်းဒေသမှာ လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်ဘက် အရာရှိ အယောက် ၂ ထောင်လောက် ပါဝင်ခဲ့တယ်လို့ တက်စ် သတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up