Home
မြန်မာသတင်း
မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့် ပွဲတော်ကျင်းပ
DVB
·
March 24, 2018
မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်ကို ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ တိုင်းရင်းသားပေါင်းစုံက ရှေ့ဝင်း နောက်ဝင်းနဲ့ ဒီနေ့ စတင်လှည့်လည်ကြပါတယ်။ မိုးကုတ်မြို့ နှစ်(၈၀၀)ပွဲတော်ကို ရှမ်းတိုင်းရင်းသားရိုးရာဝင်းအဖွဲ့၊ လီဆူတိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ၊ ကိုးကန့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ ခိုလှုံလီရှောတိုင်းရင်းသားရိုးရာ နေပါလီ ဂေါ်ရခါး ဝင်းအဖွဲ့၊ ပလောင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု မိုင်းသာ(ခ)တိုင်းဆာရှမ်း တိုင်းရင်းသားရိုးရာ ငါးပါးသီလကျောင်း ယဉ်ကျေးမှုအဖွဲ့များ၊ မိုးကုတ်မြို့အတွင်းက ရပ်ကွက်ပေါင်းစုံအဖွဲ့များအပါဝင် လယ်ဦးရပ်ကွက်ကနေ မင်းတံတားထိ မတ် (၂၄) ရက်နေ့မှာ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အခုဝင်းလှည့်တာကတော့ မိုးကုတ်မြို့ရဲ့ ရိုးရာယဉ်ကျေးမှုဖြင့် လှည့်လည်ခဲ့တာပါ။ ရွှေစေတီ၊ ငွေစေတီ၊ ပတ္တမြားရွှေပလ္လင် ငွေပလ္လင်နဲ့ မြို့ပြည်သူလူထုက စည်းစည်းကားကား ကျင်းပနေတာပါ။ ၂၉ ရက်နေ့ ဖွင့်ပွဲမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ဖွင့်လှစ်ပေးသွားမယ်လို့ ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။ မတ်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ တိုင်းရင်းသားရိုးရာအကများနဲ့ မော်ဒယ်အလှလျောက်ပြိုင်ပွဲတွေ၊ နာမည်ကြီးအဆိုတော်တွေ အပါဝင် ဖျော်ဖြေတင်ဆက်မှုတွေနဲ့ စည်းစည်းကားကားကျင်းပသွားမှာပါ။ မနက်ဖြန် ၂၅ ရက်နေ့မှာ မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာ အရောင်းခန်းမ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ-အောင်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024