ပြင်သစ်တွင် သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် ၃ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရ

777
ပြင်သစ်နိုင်ငံတောင်ပိုင်း ထရီဘတ်စ်မြို့မှာ မတ် ၂၃ ရက်က သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
တိုက်ခိုက်သူ လေးဒူအန် လက်ခဒန်မ် နေထိုင်တဲ့ ကားကက်ဆန် ကုန်းမြင့်မြို့ထဲက တိုက်ခန်းကို လက်နက်အပြည့်အစုံနဲ့ ရဲတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ပြန်ပေးသမားရဲ့ လုပ်ရပ်နောက်ကွယ်က အကြောင်းရင်းနဲ့ လက်နက်ရလာတဲ့ အရင်းအမြစ်ကိုရှာဖို့ စီးနင်းခဲ့တာပါ။
ရဲကားကို တားမြစ် ပစ်ခတ်ပြီးတဲ့နောက် စူပါမားကတ်တစ်ခုမှာ ဓားစာခံတွေ ဖမ်းဆီးခဲ့တဲ့ အဲဒီသေနတ်သမားဟာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ရာဟာကိုလွန်က ပြောပါတယ်။
သေနတ်သမားဟာ သာမန် ရာဇ၀တ်သားတဦးသာဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ်တွေရဲ့ ခြိမ်းခြောက်မှုဖြစ်နိုင်ချေရှိမရှိကို အတိအကျ မသိရသေးဘူးလို့ ကိုလွန်ကပြောပါတယ်။
အခုတိုက်ခိုက်မှုကို တယောက်တည်း လုပ်ခဲ့ပုံရတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောထားပါတယ်။