ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီး အောင်လအန်ဆန်အား ဂုဏ်ပြုပွဲအခမ်းအနားကို မတ် ၂၃ ရက် မနက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာရှိတဲ့ အစည်အဝေး ခန်းမဆောင်သစ်မှာ ပြုလုပ်ပါတယ်။
ဒီအခမ်းအနားကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အောင်လကလည်း ဝမ်းမြောက်စကားပြောကြားခဲ့ပါတယ်။
ONE Championship ပြိုင်ပွဲ MMA လိုက် ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို ဂုဏ်ပြုတဲ့အခမ်းအနားကို ဌာနဆိုင်ရာပေါင်းစုံက လူဦးရေ ၁၀၀ ကျော်လောက် တက်ရောက်ခဲ့တာပါ။