Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်ကို နန်းတွင်းသင်္ကြန်၊ ကျေးလက်သင်္ကြန်နှင့် ခေတ်ပေါ်သင်္ကြန်ဆိုပြီး ကျင်းပမည်
DVB
·
March 22, 2018
  ရန်ကုန်မဟာသင်္ကြန် ရိုးရာပွဲတော်ကို နန်းတွင်းသင်္ကြန် ကျေးလက်သင်္ကြန်နဲ့ ခေတ်ပေါ်သင်္ကြန် သုံးမျိုး စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သင်္ကြန်ပွဲတော်ကို အရင်နှစ်တွေထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ ရည်ရွယ်ပြီး ခုလို စီစဉ်ဆောင်ရွက်ရတာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။ မဟာဗန္ဒုလပန်းခြံပတ်လည်မှာတော့ သင်္ကြန်သုံးမျိုးဖြစ်တဲ့ နန်းတွင်းသင်္ကြန်၊ ကျေးလက် သင်္ကြန်နဲ့ ခေတ်ပေါ်င်္ကြန်ဆိုပြီး ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြို့တော်ခန်းမရှေ့ တိုင်းဒေသကြီး ဗဟိုမဏ္ဍပ်မှာ ပြည်သူတွေ အပန်းဖြေ အနားယူနိုင်ဖို့အတွက် လမ်းလျှောက်သင်္ကြန် စီစဉ်ဆောင်ရွက်ထားရှိပြီး ၄ ရက်စလုံး စတုဒိသာ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းဘေးဈေးရောင်းချတာတွေ အရက်၊ ဘီယာ ရောင်းချတာတွေကိုလည်း တင်းကြပ်စွာ တားဆီးပြီး မနှစ်ကထက် စည်ကားတဲ့သင်္ကြန်ဖြစ်ဖို့ မြို့နယ်အလိုက် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024