Home
မြန်မာသတင်း
ဆီဆိုင်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့က ရွာသား ၂ ဦးကို ရိုက်နှက်
DVB
·
March 22, 2018
ပအိုဝ်း ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ ဆီဆိုင်​မြို့နယ်​ ပါ​လောပါကယ်​​ကျေးရွာအုပ်​စု ဘန်းယဉ်​တိုက်​နယ်​ တိကလိုင်​ရွာသားတဦးကို ပြည်​သူ့စစ်​တပ်​ဖွဲ့ဝင်​​တွေက ​ငွေ​တောင်း​ခြိမ်း​ခြောက်​ပြီး ရိုက်နှက်​ခဲ့တာကြောင့် ဒဏ်​ရာအပြင်းအထန်​ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်​စဉ်​မှာ မတ်​ ၂၀ ရက်​​နေ့ ည ၈ နာရီအချိန်​မှာ PNA အသွင်​​ပြောင်း ပြည်​သူ့စစ်​တပ်​ဖွဲ့ဝင်လို့ ယူဆရသူ ၃ ဦးက တိကလိုင်​ရွာထဲဝင်​ပြီး ရွာသူကြီးထံ ပိုက်​ဆံ​တောင်းကာ ရွာသား​တွေကို ပြဿနာရှာ ရိုက်​နှက်​မှု ဖြစ်​ပွား​ခဲ့တာပါ။ ဘန်းယဉ်​ ​ခေတ္တစခန်းမှူး ဖြိုးမင်း​နောင်​က “PNA ပြည်သူ့စစ်​​ဝတ်​စုံ ဝတ်​ထားတယ်​၊ အတည်​မပြု​သေး​သော်​လည်း ကျိန်း​သေတယ် ​PNA ကပါ။ သူတို့ အရက်​​သောက်​ထားတယ်​၊ ရွာထဲကိုလာပြီး သူကြီးဆီ ပိုက်​ဆံ​တောင်းတယ်​။ တ​သောင်း​ပေးလိုက်​တယ်။ သူတို့က ရွာထဲ​​တွေ့တဲ့လူကို ပြဿနာရှာချင်​တာ​ပေါ့၊ ပြည်​သူ့စစ်​အဖွဲ့ဝင်​​ဟောင်း ဦးထွန်း​အောင်​က ​တောင်းပန်​တယ်​၊ ဦးထွန်း​အောင်​ကို ပစ္စတိုနဲ့ပစ်​တယ်​၊ ကျည်​မထွက်​ဘူးဗျာ၊ ကျည်မထွက်တဲ့အခါ သူတို့က​​ ​သေနတ်​ဒင်​နဲ့ ရိုက်​တယ်​၊ တုတ်​နဲ့ ရိုက်​တယ်​ ​ခေါင်းထိတယ်​၊ ညာလက်​ကျိုးသွားတယ်​၊ ဒဏ်​ရာ​တော့ စိုးရိမ်​ရတယ်​” လို့ ​ပြောပါတယ်​။ တိကလိုင်​ရွာသားတ​ဦးက “တိကလိုင်​ရွာမှာ​ ငွေလာ​တောင်းတာ၊ ဦးထွန်း​အောင်​က ​တောင်းပန်​တာကို ရိုက်နှက်​လိုက်​တာ ဖြစ်​တယ်​၊ တပ်​ဖွဲ့ဝင်​​တွေရဲ့ အမည်​​တော့ မသိဘူး၊ ထွက်​​ပြေးသွားတယ်​။ ​သေနတ်​​တွေပစ်​​တော့ ရွာသား​တွေလည်း ​ကြောက်​​နေကြတယ်​” လို့​ ပြောပါတယ်​။ ဒါ့အပြင်​ တပ်​ဖွဲ့ဝင်​သုံးဦးက ဦးထွန်း​​အောင်​ကို ရိုက်နှက်ပြီး ပြန်သွားတဲ့အချိန်မှာ ​​​​ဆိုင်ကယ်နဲ့ ​​ရွာထိပ်​ကနေ ပြန်​လာတဲ့ ရွာသား တီခေါင်ကိုလည်း တားပြီး ရိုက်​တာကြောင့် ဒဏ်​ရာရရှိခဲ့တယ်​လို့ သိရပါတယ်​။ ဒဏ်​ရာရသူ ဦးထွန်း​အောင်​ရဲ့ အမျိုးသမီးက ဘန်းယဉ်​ ရဲစခန်းမှာ ရာဇသတ်​ကြီး ပုဒ်​မ ၃၂၅/၁၁၄ အပြင်းထန်​ နာကျင်​​စေမှုနဲ့ အမှုဖွင့် တိုင်​ကြားထား​တယ်လို့ သိရပါတယ်​။ ဒီကိစ္စနဲ့ပတ်​သက်​ပြီး PNA အသွင်​​ပြောင်း ပြည်​သူ့စစ်​ဗဟိုဌာနချုပ် တာဝန်​ရှိသူကို အကြိမ်ကြိမ်​​ ဆက်​သွယ်​​မေးမြန်းခဲ့​ပေမယ့် ဆက်​သွယ်​မှုမရရှိခဲ့ပါ။ လက်ရှိမှာတော့ ရွားသားနှစ်ဦးအား ရိုက်နှက် ထွက်ပြေးသွားသူ ၃ ဦးကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။ သတင်း - ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024