DVB Logo
Home
မြန်မာသတင်း
ဆန္ဒ​ဖော်ထုတ်မှုပြီး​နောက် မြို့​ကြီး​များ​တွင် လျှပ်စစ်မီး​ အ​ခြေအ​နေ​ကောင်း​လာ
DVB
·
May 28, 2012
ဆန္ဒ​ဖော်ထုတ်မှုပြီး​နောက် မြို့​ကြီး​များ​တွင် လျှပ်စစ်မီး​ အ​ခြေအ​နေ​ကောင်း​လာ
Donate to DVB

အခုအချိန်ထိ လျှပ်စစ်မီး​ ပုံမှန်ရရှိ​ရေး​ ဆန္ဒထုတ်​ဖော်တာ​တွေ ကြိုး​ကြား​ဖြစ်​နေတဲ့​ ရန်ကုန်၊​ မန္တ​လေး​နဲ့​ မြို့​ကြီး​တချို့​မှာ လျှပ်စစ်မီး​ အရင်ထက် တိုး​တက်လာတယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

၂၄ နာရီ လျှပ်စစ်မီး​ရရှိ​ရေး​ ဆန္ဒထုတ်​ဖော်ပွဲ​တွေ စတင်ခဲ့​တဲ့​ မန္တ​လေး​မြို့​မှာ အရင်အတိုင်း​ တ​နေ့​ကို ၆ နာရီ အလှည့်​ကျ မီး​ပေး​နေ​ပေမယ့်​ ကြား​ထဲမှာ မီး​ပျက်တာ​တွေ နည်း​သွား​တယ်လို့​ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့​တဲ့​ မြို့​ခံတ​ယောက်က ​ပြောပါတယ်။

“မန္တ​လေး​မှာ မီး​တော့​အကုန် မမှန်​သေး​ဘူး​။ သတ်မှတ်တဲ့​ အချိန်​လေး​တွေ​တော့​ ပြည့်​ပြည့်​ဝဝ​ပေး​နိုင်ပါတယ်။ အဲဒီ​လောက်​တော့​ ရ​နေပြီ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ လိုချင်တာ​တော့​ ၂၄ နာရီပဲ။ အဲဒီအတွက် ကျ​နော်တို့​ သူတို့​ကို နား​လည်မှု​ပေး​ထား​တယ်။ မန္တ​လေး​မြို့​မှာ​တော့​ ဘယ်အချိန် ဘယ်ကာလမှာ ၂၄ နာရီ မီး​ပေး​နိုင်မယ်ဆိုတဲ့​ ​ပြောဆိုချက်ကို​တော့​ ​မျှော်လင့်​နေပါတယ်။”

ရန်ကုန်မြို့​မှာလည်း​ အခုရက်ပိုင်း​ တရက်မှာ ၁၂ နာရီ​လောက် မီး​မှန်​နေတယ်လို့​ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ ဆန္ဒထုတ်​ဖော်မှုမှာ ​ရှေ့​တန်း​က ပါဝင်ခဲ့​တဲ့​ ကိုဟန်ဝင်း​အောင်က ​ပြောပါတယ်။

“အချိန်မီး​က ​တောင်ဥက္ကလာတို့​၊​ ဒဂုံတို့​၊​ တချို့​ဘက်​တွေမှာ ည ၁၁ နာရီ ပုံမှန်ပျက်ရမယ့်​ဟာ မပျက်ဘူး​၊​ ​တောက်​လျှောက်လင်း​နေတာ ​တွေ့​ရတယ်။ ဒီ​နေ့​မနက်မှာလည်း​ ၁၁ နာရီထိုး​ ပျက်ရမယ့်​ဟာကို မပျက်ဘဲ ​တောက်​လျှောက် ခုချိန်ထိ လင်း​နေတာ​တွေ့​ရတယ်။ ဒါ ၂ ရက်အတွင်း​ ထူး​ခြား​လာတဲ့​ သိသာမြင်သာတဲ့​ အချက်ပါ။”

အခုအခါမှာ ရန်ကုန်က ၂၄ နာရီ မီး​လင်း​ရေး​ ဆန္ဒထုတ်​ဖော်မှု​တွေဟာ အရင်လိုမျိုး​ ဆူး​လေဘုရား​မှာ စု​ဝေး​တာမျိုး​ မလုပ်​တော့​ဘဲ ကိုယ့်​မြို့​နယ်အလိုက် ဆန္ဒထုတ်​ဖော်မှု​တွေ ဆက်လုပ်သွား​ဖို့​ စီစဉ်ထား​တယ်လို့​ ကိုဟန်ဝင်း​အောင်က ​ပြောပါတယ်။

“လျှပ်စစ်ပိုင်း​ဆိုင်ရာက​နေ သူတို့​ ၅၀ ရာခိုင်နှုန်း​ ပြင်ဆင်ပြီး​ပြီ။ သူတို့​ ​မေလကုန်​လောက်မှာ ပုံမှန်အ​ခြေအ​နေအတိုင်း​ လုပ်ကိုင်နိုင်ဖို့​ ကြိုး​စား​ဆောင်ရွက် ​နေတယ်ဖြစ်တဲ့​အတွက် ကျ​နော်တို့​က မြို့​နယ်​တွေမှာ ငြိမ်း​ချမ်း​စွာနဲ့​ ဆန္ဒ​ဖော်ထုတ်ရင်း​ တပတ်တိတိ ဆူး​လေဘုရား​မှာ ပြန်လည်စုစည်း​ခြင်း​ မရှိဘဲ ​စောင့်​ကြည့်​နေမယ်။ တပတ်ပြည့်​လို့​မှ အ​ခြေအ​နေ မထူး​ခြား​လာဘူး​ဆိုရင်​တော့​ ပုံမှန်အတိုင်း​ ၃ ရက် ၆ လကို ပြန်လည်ပြီး​တော့​ ဆန္ဒ​ဖော်ထုတ်ဖို့​အတွက် လူထုဆန္ဒနဲ့​ ဆုံး​ဖြတ်ထား​ပါတယ်။”

ရန်ကုန်၊​ ​မြောက်ဥက္ကလာမှာ ​နေထိုင်တဲ့​ ကိုစိုး​မြင့်​သန်း​က ဒီ​နေ့​ညမှာ မြို့​နယ် လျှပ်စစ်ရုံး​မှာ လူ ရာဂဏန်း​လောက် သွား​ရောက်ပြီး​ ငြိမ်း​ချမ်း​စွာ ဆန္ဒပြမယ်လို့​ ​ပြောပါတယ်။

“‘ဒီ​နေ့​ညလည်း​ မ​နေ့​ကလိုပါပဲ။ စုရပ်က​နေပြီး​တော့​ ငြိမ်း​ချမ်း​စွာ စီတန်း​ လမ်း​လျှောက်ပြီး​တော့​ ​မြောက်ဥက္ကလာ လျှပ်စစ်ရုံး​ရှေ့​ကို သွား​ပြီး​တော့​ ဖ​ယောင်း​တိုင်ထွန်း​ပြီး​ ငြိမ်း​ချမ်း​စွာပဲ ဆန္ဒ​ဖော်ထုတ်မှာပါ။”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​မှာ ဆန္ဒထုတ်​ဖော်သူ​တွေနဲ့​ ရဲ​တွေကြား​မှာ ရုန်း​ရင်း​ဆန်ခတ် ဖြစ်ခဲ့​တဲ့​ ပြည်မြို့​မှာလည်း​ မီး​အ​ခြေအ​နေ အရင်ထက် ​ကောင်း​လာတယ်လို့​ မြို့​ခံတ​ယောက်က ​ပြောပါတယ်။

“ကျ​နော်တို့​ဆီမှာ မီး​လုံး​ဝ ပိုလာခြင်း​ မရှိ​သေး​ပါဘူး​။ ​နေ့​ခင်း​ ၁၁ နာရီက လာတာ ည​နေ ၅ နာရီဆိုပျက်ပြီ။ အတိအကျ လာတယ်။ အတိအကျ ပျက်တယ်။ ခါတိုင်း​ဆိုရင်​တော့​ လာ​နေရင်း​ ​တော်ကြာပျက်သွား​လိုက်၊​ ​တော်ကြာ ပျက်သွား​လိုက် ခဏခဏ​ပေါ့​။ အခု​တော့​ အပျက်နည်း​သွား​တယ်။ ပျက်လည်း​ တခါနှစ်ခါ ​လောက်ပဲ​ပေါ့​။”

ဆန္ဒပြသမား​တွေက ရဲ​တွေက ရိုက်နှက်ဖမ်း​ဆီး​သွား​တာကို မ​ကျေနပ်လို့​ တရား​စွဲဖို့​ အမှုဖွင့်​တာကို ရဲက လက်မခံတာ​ကြောင့်​ နိုင်ငံ​တော်အဆင့်​ တရား​သူကြီး​ဆီကို ဒီရက်ပိုင်း​မှာ စာပို့​သွား​ဖို့​ ပြင်​နေတယ်လို့​ သိရပါတယ်။

၂၄ နာရီ မီး​လင်း​ရေး​ ဆန္ဒထုတ်​ဖော်ပွဲ​တွေကို လွန်ခဲ့​တဲ့​ တပတ်​ကျော်က မန္တ​လေး​မြို့​က​နေ စတင်ခဲ့​ပြီး​နောက် ရန်ကုန်၊​ ပြည် စတဲ့​ မြို့​တွေက ပျံ့​နှံ့​ခဲ့​တာ ဖြစ်ပါတယ်။

အခုအချိန်အထိ ဒီလှုပ်ရှား​မှုမှာ ပါဝင်သူ​တွေကို ရဲက ​ခေတ္တထိန်း​သိမ်း​တာက လွဲလို့​ ​နောက်ပိုင်း​မှာ ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013