ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို စပါး ခေါ်ယူရန် ပြင်ဆင်

စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကတည်းက နှစ်ကြိမ်အထိ ကမ်းလှမ်းခဲ့ဖူးပြီး ခရစ္စတယ်ပဲလေ့စ်အသင်းဘက်က ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ ဇာဟာအတွက် ပေါင်သန်း ၄၀ ထက်ပိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှ လက်ခံစဉ်းစားဖို့ရှိတယ်လို့ ဆိုပါတယ်။ ပဲလေ့စ်အသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ဇာဟာ မပါဝင်တဲ့ပွဲတိုင်း ရှုံးနိမ့်ထားပါတယ်။ ဇာဟာဟာ ၂၀၁၃ ခုနှစ်က မန်ယူအသင်းက ခေါ်ယူခဲ့ပေမယ့် ၄ ပွဲပဲ ကစားခွင့်ရခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ မန်ယူအသင်းက ပဲလေ့စ်အသင်းကို ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် ဇာဟာဟာ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတချို့ကြောင့် ၂၂ ပွဲပဲ ကစားခွင့်ရပြီး ၄ ဂိုး သွင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up