DVB Logo
Home
မြန်မာသတင်း
မီး​မရသည့်​ ရန်ကုန် ငါး​အ​အေး​ခန်း​စက်ရုံများ​ အခက်​တွေ့
DVB
·
May 28, 2012
Donate to DVB

လျှပ်စစ်မီး​ မရရှိတဲ့​အတွက် ရန်ကုန်တိုင်း​ထဲက ငါး​အ​အေး​ခန်း​စက်ရုံ​တွေ အခက်​တွေ့​နေကြပြီး​ အ​မေရိကန်​ဒေါ်လာသန်း​ ၂၀၀ ဖိုး​ ဆုံး​ရှုံး​မယ့်​အပြင် အလုပ်သမား​ဦး​ရေ ၁ ​သောင်း​လောက် အလုပ်လက်မဲ့​ဖြစ်ဖို့​ ရှိ​နေပါတယ်။

ရန်ကုန်တိုင်း​ထဲက ငါး​အ​အေး​ခန်း​စက်ရုံ ၂၃ ရုံဟာ ၂၄ နာရီလုံး​လုံး​ လျှပ်စစ်မီး​မရ​တော့​လို့​ အခက်​တွေ့​နေကြပုံကို မြန်မာနိုင်ငံ ငါး​လုပ်ငန်း​အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဝင်း​ကြိုင်က ခုလို ​ပြောပါတယ်။

“အကယ်၍ ကာလကြာပြီး​တော့​ လျှပ်စစ်မီး​ကလည်း​ မရလို့​ ကိုယ်ပိုင်မီး​စက်​လေး​တွေကလည်း​ မထိန်း​နိုင်ဘူး​ဆိုရင် ပစ္စည်း​တွေရဲ့​ အရည်အ​သွေး​က ပျက်စီး​သွား​နိုင်တဲ့​ အ​ခြေအ​နေမျိုး​ပေါ့​။ အရည်အ​သွေး​ ကျသွား​နိုင်တဲ့​ အ​ခြေအ​နေမျိုး​ ရှိတယ်။ ဒီအဆင့်​က​တော့​ စိတ်ပူစရာ​ပေါ့​။ ဒုတိယအချက်က လျှပ်စစ်မီး​ မလုံ​လောက်တဲ့​အခါကျ​တော့​ လက်ရှိပစ္စည်း​ကို​တောင်မှ မနည်း​ကာကွယ်ရ​တော့​မယ်။ မပျက်စီး​၊​ မဆုံး​ရှုံး​အောင် ဆိုတဲ့​နေရာမှာ ​နောက်ထပ်ကုန်ကြမ်း​ မဝယ်ရဲ​တော့​ဘူး​။ ​နောက်ထပ်ကုန်ကြမ်း​ကို စက်ရုံထဲကို အဝင်မခံရဲ​တော့​ဘူး​ဆို​တော့​ အဲဒီ ကုန်ကြမ်း​ကို ပြုပြင်​ပေး​တဲ့​ လုပ်သား​တွေကျ​တော့​ စက်ရုံ ၂၃ ရုံမှာ အင်အား​ ၁ ​သောင်း​လောက် ရှိတယ်လို့​ စက်ရုံပိုင်ရှင်​တွေက ​ပြောတယ်။ အဲဒီ အင်အား​ ၁ ​သောင်း​ကလည်း​ ခဏအလုပ်ရပ်ထား​ရမယ့်​ သ​ဘောဖြစ်​နေတယ်။”

အခုအချိန်မှာ စက်ရုံပိုင်မီး​စက်​တွေနဲ့​ အ​အေး​ခန်း​စက်ရုံထဲမှာရှိတဲ့​ ငါး​တွေကို ထိန်း​သိမ်း​ထား​ပြီး​၊​ မီး​စက်​မောင်း​ဖို့​ ဒီဇယ်ဆီဖိုး​က စက်ရုံတရုံကို တ​နေ့​ ကျပ်သိန်း​ ၂၀ ​လောက် ကုန်ကျ​နေတယ်လို့​လည်း​ ​ပြောပါတယ်။

အ​အေး​ခန်း​စက်ရုံ​တွေ လျှပ်စစ်မီး​မရတာ ၁ ပတ်​လောက်ရှိသွား​ပြီ ဖြစ်ပါတယ်။ စက်ရုံပိုင်ရှင်​တွေအ​နေနဲ့​ လူ​ခြေတိတ်တဲ့​ လင်း​အား​ကြီး​ပိုင်း​ အချိန်မျိုး​မှာ ၅ နာရီ ၆ နာရီ​လောက် မီး​ရဖို့​ လိုလား​နေကြပါတယ်။

အခုလို အ​အေး​ခန်း​စက်ရုံ​တွေ လျှပ်စစ်မီး​မရလို့​ မလည်ပတ်နိုင်ဘဲ ရပ်ထား​ရတဲ့​အတွက် ငါး​ဝယ်ယူမှုလည်း​ ရပ်ထား​ရပြီး​၊​ ​နောက်ဆက်တွဲအ​နေနဲ့​ ပင်လယ်ငါး​ဖမ်း​လုပ်ငန်း​ လုပ်ကိုင်သူ​တွေနဲ့​ ငါး​မွေး​မြူ​ရေး​လုပ်ငန်း​ လုပ်သူ​တွေလည်း​ အခက်​တွေ့​လာကြမှာဖြစ်ပါတယ်။

လျှပ်စစ်ဌာနက​တော့​ ရန်ကုန်၊​ မန္တ​လေး​ စတဲ့​ မြို့​ကြီး​တွေမှာ ၂၄ နာရီမီး​လင်း​ရေး​ လူထုဆန္ဒပြပွဲ​တွေ ​ပေါ်​ပေါက်လာပြီး​နောက် စက်ရုံအလုပ်ရုံ​တွေအစား​ လူ​နေအိမ်​တွေကို ဦး​စား​ပေး​ပြီး​ မီး​ပေး​မယ်လို့​ပြောကြား​ထား​တာပါ။ မုတ်သုံဝင်လာပြီမို့​ မကြာမီ မိုး​ရပြီး​ လျှပ်စစ်မီး​လည်း​ ပြန်ရလာလိမ့်​မယ်လို့​ စက်ရုံပိုင်ရှင်​တွေက ​မျှော်လင့်​နေတာပါ။

ရန်ကုန်တိုင်း​အတွင်း​မှာ အ​အေး​ခန်း​စက်ရုံ​ပေါင်း​ ၇၀ ​ကျော်ရှိပြီး​၊​ ကုန်ကြမ်း​ရရှိဖို့​ အခက်အခဲရှိတာ​ကြောင့်​ လတ်တ​လောမှာ ၂၃ ရုံပဲ လုပ်ငန်း​လည်ပတ်​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013