ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပြန်ရောက် (ဓာတ်ပုံ)
DVB
·
March 21, 2018
သြစတြေးလျနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ် ၂၀ ရက် ညက နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က သြစတြေးလျတပ်မတော် အထူးလေယာဉ်နဲ့ ကင်ဘာရာမြို့မှ ဆစ်ဒနီမြို့၊ စင်ကာပူလေကြောင်းလိုင်းနဲ့ ဆစ်ဒနီမြို့မှ စင်ကာပူ၊ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်နဲ့ စင်ကာပူကနေ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတာလို့ ဆိုပါတယ်။