DVB Logo
Home
မြန်မာသတင်း
ဖား​ကန့်​ ​ကျောက်တူး​ဖော်မှု ယာယီပိတ်ပင်
DVB
·
May 28, 2012
ဖား​ကန့်​ ​ကျောက်တူး​ဖော်မှု ယာယီပိတ်ပင်
Donate to DVB

ကချင်ပြည်နယ် ဖား​ကန့်​မှာ ​ကျောက်မျက်ရတနာ တူး​ဖော်​နေတဲ့​ ပုဂ္ဂလိက ကုမ္ပဏီ​တွေအား​လုံး​ ​ကျောက်စိမ်း​တူး​ဖော်ထုတ်ယူမှုကို ယာယီ ရပ်နား​ထား​ဖို့​ သတ္ထုတွင်း​ဝန်ကြီး​ဌာနက ညွှန်ကြား​ချက် ထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_25983" align="alignleft" width="300" caption="​ရေမ​ဆေး​ကျောက်ရှာ​နေသူများ​"][/caption]

မိုး​တွင်း​ကာလမှာ ​ဘေး​အန္တရာယ်ကင်း​ရှင်း​ရေး​ အ​ကြောင်း​ပြချက်နဲ့​ ခုလကုန်ကစပြီး​ ​ကျောက်မျက်တူး​ဖော်တဲ့​ လုပ်ငန်း​တွေ ရပ်နား​ထား​ဖို့​ညွှန်ကြား​လိုက်တာလို့​ သတ္ထုတွင်း​ဝန်ကြီး​ဌာနက ​ပြောပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​မေ ၂၂ ရက်​နေ့​မှာ လုပ်ငန်း​ရှင်​တွေကို သတ္ထုတွင်း​ ဝန်ကြီး​က ​ခေါ်ယူ​တွေ့​ဆုံပြီး​တော့​ ​ပြောကြား​ခဲ့​ပါတယ်။ ပိတ်ပင်ရတာနဲ့​ ပတ်သက်ပြီး​ သတ္တုတွင်း​ ဝန်ကြီး​ဌာန ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ဝင်း​ထိန်က အခုလို ရှင်း​ပြပါတယ်။

“မိုး​တွင်း​ကာလမှာ တချို့​ ကုမ္ပဏီတခုချင်း​က​နေ ရပ်တန့်​တာ​တွေရှိပါတယ်။ အခုက​တော့​ သတ္တုတွင်း​ဝန်ကြီး​ဌာနက ​ဘေး​အန္တရာယ်ကင်း​ရှင်း​အောင် ​မေလကုန်ကစပြီး​ ရပ်တန့်​ဖို့​ အသိ​ပေး​ထား​တာ ဖြစ်ပါတယ်။ မိုး​တွင်း​ကာလကို ဆိုလိုတာပါ။ သွား​ရေး​လာ​ရေး​နဲ့​ ​နေထိုင်စား​သောက်​ရေး​ ခက်မယ်။ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​မှုကို ကာကွယ်တဲ့​အ​နေနဲ့​ မိုး​တွင်း​ကာလ ၄၊​ ၅ လ​လောက်ပဲ ဖြစ်မှာပါ။ ပွင့်​လင်း​ရာသီမှာ ပြန်လုပ်ခွင့်​ပေး​မှာဖြစ်ပါတယ်။”

ဖား​ကန့်​ဒေသမှာ ​ကျောက်တူး​ အလုပ်​တွေ စတင် ရပ်နား​တော့​မှာ ဖြစ်တဲ့​အတွက် တချို့​ ​ကျောက်တူး​ဖော်​ရေး​အလုပ်သမား​တွေက ​နေရပ်အိမ်​တွေကို ပြန်​နေကြပြီလို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“​ကျောက်တူး​တာ​တွေ ရပ်သွား​တာ​တော့​ ​ကောင်း​ကျိုး​ဘက်ကို ဦး​တည်တာ များ​ပါတယ်။ ဖား​ကန့်​မှာ မှီတင်း​နေထိုင် လုပ်ကိုင်စား​သောက်ကြတဲ့​ ​ဒေသခံ​တွေနဲ့​ အ​ခြေခံလူတန်း​စား​ နည်း​နည်း​ပါး​ပါး​လောက်ပဲ အလုပ်လက်မဲ့​ ဖြစ်သွား​တာရှိတယ်။ ဒါ​ပေမယ့်​ အဲဒီလို ရပ်လိုက်ခြင်း​အား​ဖြင့်​ သဘာဝ ​တော​တောင် ပျက်စီး​တာ​တွေ၊​ ​ကျောက်စိမ်း​တောင်​တွေ ပျက်စီး​တာ​တွေ အဲဒီဟာ​တွေ တိုင်း​ပြည်အတွက် အများ​ကြီး​ အဓိပ္ပာယ်ရှိတယ်။”

၂၀၁၁ နှစ်ကုန်ပိုင်း​ကလည်း​ တိုက်ပွဲ​တွေ​ကြောင့်​ ​ကျောက်မျက်တူး​ဖော်​ရေး​ လုပ်ငန်း​ခွင်​တွေ ရပ်နား​ခဲ့​ပြီး​ အလုပ်သမား​တွေလည်း​ ဖား​ကန့်​က​နေ စွန့်​ခွာခဲ့​ရပါတယ်။

ခုလို အစိုး​ရက ​ကျောက်တူး​ဖော်မှု​တွေ ရပ်နား​ဖို့​ ညွှန်ကြား​တာဟာ ​ဒေသခံ​ကျောက်ကုမ္ပဏီ​တွေက ကချင်လွတ်​မြောက်​ရေး​တပ်မ​တော် ​ကေအိုင်​အေ တပ်​တွေကို အခွန်​ငွေ​တွေ အ​မြောက်အမြား​ ထည့်​ဝင်​နေတာ​ကြောင့်​ ဖြစ်နိုင်တယ်လို့​ ထင်​ကြေး​ပေး​မှု​တွေလည်း​ ထွက်​ပေါ်​နေပါတယ်။

သတ္ထုတွင်း​ဝန်ကြီး​ဌာနက​တော့​ သဘာဝပတ်ဝန်း​ကျင်ကို ထိန်း​သိမ်း​တဲ့​အ​နေနဲ့​ ပြီး​ခဲ့​တဲ့​လပိုင်း​က မြန်မာနိုင်ငံ အဓိက မြစ်ကြီး​ ၄ သွယ် အနား​မှာ ​ရွှေနဲ့​ သတ္ထုတူး​ဖော်​ရေး​တွေ မလုပ်ဖို့​လည်း​ အမိန့်​ထုတ်ပြန်ထား​ပါတယ်။

ဒါ့​ပြင် အရင်တုန်း​က မြစ်​ချောင်း​တွေနား​မှာ ချထား​ပေး​တဲ့​ လုပ်ကွက်​တွေကို ပြန်လည်သိမ်း​ဆည်း​တာ​တွေ ပြုလုပ်ခဲ့​ပြီး​ သတ္ထုတူး​ဖော်တဲ့​ ​နေရာများ​မှာလည်း​ သစ်ပင်​တွေ ပြန်စိုက်ဖို့​ သတ္ထုတွင်း​ ဝန်ကြီး​ဌာနက ညွန်ကြား​ထား​ပါတယ်။

ဒါ​ပေမယ့်​လည်း​ ကချင်ပြည်နယ်အတွင်း​ သတ္ထုတူး​ဖော်ရာမှာ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ဆုံး​ရှုံး​တဲ့​ ဓာတ်ပုံ​တွေက​တော့​ အင်တာနက်စာမျက်နှာ လူမှုကွန်ရက် ​ဖေ့​ဘွတ်မှာ ပျံ့​နှံ​နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013