နီပေါနိုင်ငံ အခြေခံဥပဒေသစ်တွင် ဖက်ဒရယ်အရေး တင်းမာမှုမြင့်

မေလ ၂၇ ရက်နေ့ဟာ အချိန်ကာလကြာရှည်စွာ စောင့်ခဲ့ရတဲ့ နီပေါနိုင်ငံ အခြေခံဥပဒေသစ် ပေါ်ထွန်းဖို့ အတွက် သတ်မှတ်ရက် ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးပါတီတွေက နီပေါ အခြေခံဥပဒေမှာ အရေးကြီးဆုံးဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပြဿနာကို မဖြေရှင်းနိုင် ဖြစ်နေပါတယ်။ နိုင်ငံရေးသမားအချို့က တိုင်းရင်းသား လူမျိုးစုအခွင့်အရေး ဦးစားပေးတဲ့ ဖက်ဒရယ်စနစ်ဘက်မှာ ရပ်တည်ကြပေမယ့် အချို့ကတော့ ဖက်ဒရယ်စနစ်ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲမှာကို စိုးရိမ်နေကြပါတယ်။ အခြေခံဥပဒေသစ် အပေါ် သဘောထား ကွဲလွဲပြီး တိုင်းပြည် ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ အကြောင်း ခါသာမန်ဒူမြို့မှ သတင်းထောက် ရာဂျန် ပါရာဂျူလာ (Rajan Parajuli) က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up