FDA ဝန်​ထမ်းအမျိုးသမီး အသတ်​ခံရမှု တရားလိုသက်သေ ၉ ဦးကို ပယ်ဖျက်

FDA ဝန်​ထမ်းအမျိုးသမီး အသတ်​ခံရမှုမှာ တင်​သွင်းထားတဲ့ သက်​​သေ ၃၅ ဦးအနက်​ ၉ ဦးကို တရားလိုပြသက်​​သေက​နေ ပယ်​ဖျက်လိုက်​တယ်လို့ မတ်​လ ၁၉ ရက်​​ ရုံးချိန်းမှာ ​ကြေညာလိုက်​ပါတယ်​။ မနေ့ကရုံးချိန်းမှာ တရားလိုသက်​​သေ ၅ ဦးကို ​စစ်​​ဆေးခဲ့ပြီး နှစ်​ဖက်​ အပြန်​အလှန်​​ မေးခွန်း​တွေ ​မေးမြန်းအပြီးမှာတော့  တရားလို ၉ ဦးကို နိုင်​ငံ​တော်​ဘက်​က​နေ ပယ်​ဖျက်​လိုက်​​ကြောင်း တရားသူကြီးက ​ကြေညာခဲ့တာ ဖြစ်​ပါတယ်​။ နိုင်​ငံ​တော်​ဘက်​က​နေ ပယ်​ဖျက်​တယ်​ဆိုတာ တရားလိုဘက်​က​ ရှေ့နေက​နေ မလိုအပ်​တဲ့ သက်​​သေ​တွေကို ပယ်​ချလိုက်​တာ ဖြစ်​တယ်​လို့ ​တွဲဖက်​ခရိုင်​တရားသူကြီး ဦးထွန်းထွန်းဦးက​ ပြောပါတယ်​။ ပြီးခဲ့တဲ့ရုံးချိန်း​တွေမှာ တရားလိုပြသက်​​သေ​တွေအ​နေနဲ့ အသတ်​ခံရသူ မ​ရွှေရည်​ဝင်းရဲ့ မိဘ​၊ အမှုစစ်​ရဲအရာရှိ​တွေ၊ အငှားယာဉ်​​မောင်း မျိုး​ဇော်​ဦးရဲ့ ရပ်​ကွက်​အတွင်းက သက်​​သေ ဖုန်းဆိုင်​ဝန်​ထမ်း စတာ​တွေကို စစ်​​ဆေးခဲ့ပါတယ်​။ အခုလို သက်​​သေ​ ၉ ဦးပ ယ်​ချလိုက်​တဲ့အ​ပေါ် တရားခံလို့ စွပ်​စွဲခံထားရတဲ့သူဘက်​က​နေ လိုက်​​ပေးတဲ့ ​ရှေ့​နေက​တော့ ကြိုဆိုတယ်​လို့ ​ပြောပါတယ်​။ ဒါ့အပြင်​ တရားခံအတွက်​ တရားခံပြသက်​​သေကိုလည်း ရှာ​ပေးဖို့ ကြိုးစား​နေ​ကြောင်းလည်း အငှားယာဉ်​​မောင်းသမားရဲ့ ရှေ့​နေဦး​မောင်​​မောင်​စိုးက ​ပြောပါတယ်​။ လက်​ရှိမှာ အငှားယာဉ်​​မောင်း မျိုး​ဇော်​ဦးကို ရာဇဝတ်​မှုပုဒ်​မ ၂၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာပဲ ဖြစ်​ပါတယ်​။ ဒီအမှုမှာ တရားလိုပြသက်​​သေ ၁၄ ဦးကို စစ်​​ဆေးပြီးသွားပြီဖြစ်​ပြီး၊ နိုင်​ငံ​တော်​က တရားလိုသက်​​သေ ၉ ဦးကို ပယ်​ဖျက်​လိုက်​တာ​ကြောင့် စုစု​ပေါင်း သက်​​သေ ၂၃ ဦးကို စစ်​​ဆေးပြီးသွားပြီ ဖြစ်​ပါတယ်​။ ​နောက်​လာမယ့် ရုံးချိန်းကို​တော့ မတ်လ ၂၆ ရက်​​နေ့မှာ စစ်​​ဆေးသွားဖို့ ရှိပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up