DVB Logo
Home
မြန်မာသတင်း
မဟာ​အောင်​မြေ​ကျောက်မျက်​ဈေး​တွင် ဆန္ဒ​ဖော်ထုတ်မှု ဖြစ်ပွား
DVB
·
May 28, 2012
မဟာ​အောင်​မြေ​ကျောက်မျက်​ဈေး​တွင် ဆန္ဒ​ဖော်ထုတ်မှု ဖြစ်ပွား
Donate to DVB

မန္တ​လေး​မြို့​မှာရှိတဲ့​ ​ကျောက်မျက်​ရောင်း​ဝယ်တဲ့​ ​ဈေး​မှာ ဒီ​နေ့​ မနက်က ​ဈေး​သူ​ဈေး​သား​တချို့​ ဆန္ဒထုတ်​ဖော်ပွဲ ပြုလုပ်ပါတယ်။

မဟာ​အောင်​မြေမြို့​နယ် ​ကျောက်မျက်​ဈေး​မှာ ဒီမနက် ၁၁ နာရီ​လောက်က ​ဈေး​လူဝင်ခွင့်​ကတ်ပြား​ လုပ်ခိုင်း​တဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​ မ​ကျေနပ်လို့​ ​ဈေး​သူ​ဈေး​သား​တချို့​က ဆန္ဒထုတ်​ဖော်ခဲ့​ကြတာပါ။

ဈေး​အုပ်ချုပ်​ရေး​ တာဝန်ရှိသူ​တွေက ဇွန်လ ၁ ရက်​နေ့​ကစပြီး​ ​ဈေး​တွင်း​ဝင်​ရောက် ​ရောင်း​ဝယ်လုပ်ကိုင်လိုသူ ဆိုင်ရှင် ကုန်သည်ပွဲစား​ဆိုပါက တနှစ် ကျပ် ၅,၀၀၀၊​ အလုပ်သမား​ဆိုပါက ကျပ် ၂,၅၀၀ နှုန်း​နဲ့​ ဝင်​ရောက် ​လေ့​လာတဲ့​ ဧည့်​သည်​တွေကို တရက် ကျပ် ၁၀၀ နှုန်း​ ​ပေး​ရမယ်လို့​ ​ကြေညာထား​တာပါ။ ကတ်မပါဘဲ​တွေ့​ရင် ဒဏ်​ကြေး​ ၂,၀၀၀ ​ပေး​ဆောင်ရမယ်လို့​ သတ်မှတ်ထား​တာပါ။

ဒီသတ်မှတ်ချက်​တွေကို ပြန်လည်ရုပ်သိမ်း​ပေး​ဖို့​ ​ဈေး​သူ​ဈေး​သား​တွေရဲ့​ ကိုယ်စား​ ​ကျောက်အ​ရောင်း​အဝယ်သမား​တချို့​က ​တောင်း​ဆိုခဲ့​ကြပြီး​ မဟာ​အောင်​မြေ ​ကျောက်မျက်ရတနာ​ဈေး​ ပရဟိတ လူမှုစီး​ပွား​ကူညီ​ရေး​ ​ကော်မတီ(ယာယီ)ကလည်း​ မန္တ​လေး​က စာနယ်ဇင်း​များ​နဲ့​ ​တွေ့​ဆုံဖို့​ ရှင်း​လင်း​မှု​တွေ လုပ်ခဲ့​တယ်လို့​ ​ကော်မတီ အဖွဲ့​ဝင်တဦး​က ​ပြောပါတယ်။

ဒီ​ဈေး​မှာ လွန်ခဲ့​တဲ့​ တနှစ်​ကျော်​လောက်ကလည်း​ ဝင်ခွင့်​ကတ်ကို တနှစ် ကျပ် ၃,၅၀၀ နဲ့​ သတ်မှတ်လုပ်​ပေး​ခဲ့​ဖူး​ပြီး​ ခု​ဈေး​နှုန်း​ပြောင်း​လဲ သတ်မှတ်လိုက်​ပေမယ့်​ ကတ်လုပ်ထား​သူ​တွေအတွက် ​ဈေး​အုပ်ချုပ်​ရေး​က ဘာအခွင့်​အ​ရေး​မှ တာဝန် ယူ​ဆောင်ရွက်​ပေး​တာ မရှိဘူး​လို့​ ​ကျောက်​ဈေး​က အ​ရောင်း​အဝယ်သမား​တဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ဖြစ်​စေချင်တာက ယခင် ၃,၅၀၀ ကတ်ရှိ​သော ​ဈေး​သူ​ဈေး​သား​များ​ ယခုလက်ရှိ ၅,၀၀၀ တန် ကတ်လုပ်ရမည်၊​ အဲဒီ ၃,၅၀၀ နဲ့​ ၅,၀၀၀ နှုန်း​ဖြည့်​ပြီး​တော့​ ​ဆောင်ရွက်​ပေး​မယ်။ ၁,၅၀၀ စိုက်မယ်။ ၅,၀၀၀ တန် ကတ် ပြန်ထုတ်​ပေး​ရမယ်။ အခုက အဲဒီလိုမဟုတ်ဘူး​။ အဲဒီ ၃,၅၀၀ တန် ကတ်က အကျုံး​မဝင်​တော့​ဘူး​။ တနှစ်မှာ ၅,၀၀၀ မများ​ဘူး​။ ဥပမာ ကုန်သည်တ​ယောက်ကို ၅၀,၀၀၀၊​ ပွဲစား​တ​ယောက်ကို ၂၅,၀၀၀ ကျပ်၊​ ​ဈေး​သည်တ​ယောက်ကို ၁၅,၀၀၀၊​ လက်လုပ်လက်စား​က ဘယ်​ဈေး​ အဲဒီလိုလုပ်လိုက်၊​ ဒါ​ပေမယ့်​ ကတ်သမား​ရဲ့​ သူ့​ရဲ့​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​၊​ ပြဿနာတခုဖြစ်လို့​ ရပ်တည်ပြီး​ ​ဖြေရှင်း​ပေး​မယ်။ ကတ်သမား​တွေ သဘာဝ ​ဘေး​အန္တရာယ်​တွေ၊​ ​လေ​ဘေး​၊​ ​ရေ​ဘေး​ ​ထောက်ပံ့​ပေး​မယ်။ အဲဒီမှာ တခုထွက်လာတာ နာ​ရေး​ကိစ္စ​တွေ တ​ယောက်ကို ၅၀,၀၀၀ ​ထောက်ပံ့​မယ်။ ဘယ်ဟာမှ မ​ထောက်ပံ့​ဘူး​။”

အခုလို ​ဈေး​တွင်း​ဝင်မယ့်​ လူ​တွေကို ဝင်ခွင့်​ကောက်ခံ​နေသလို ဆိုင်ကယ်နဲ့​ ကား​တွေအတွက်လည်း​ သီး​ခြား​ဝင်​ကြေး​ ​ကောက်ခံမှု​တွေလည်း​ ရှိ​နေတာပါ။

ဒီ​ဈေး​ကို လွန်ခဲ့​တဲ့​ ၁၀ နှစ်​ကျော်ကာလ ၂၀၀၀ ပြည့်​နှစ်က စတင်ဖွင့်​လှစ်ခဲ့​ပြီး​ ဆိုင်ခန်း​ပေါင်း​ ၁ ​ထောင်​ကျော် ​လောက်ရှိ​နေတာပါ။ အဓိကအား​ဖြင့်​ ​ကျောက်စိမ်း​ အ​ရောင်း​အဝယ် ပြုလုပ်ပြီး​ မြို့​ခံ​တွေ​ရော နိုင်ငံခြား​သား​တွေပါ လာ​ရောက် ​ရောင်း​ဝယ် ​ဖောက်ကား​လေ့​ရှိတဲ့​ ​ဈေး​နေရာ ဖြစ်ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013