DVB Logo
Home
မြန်မာသတင်း
ကချင်လူမှု​ရေး​လုပ်ငန်း​ ​ဆောင်ရွက်​နေသူ လဖိုင်​နော်မိန်း​ ပြည်သူ့​ဂုဏ်ရည်ဆုရရှိ
DVB
·
May 28, 2012
ကချင်လူမှု​ရေး​လုပ်ငန်း​ ​ဆောင်ရွက်​နေသူ လဖိုင်​နော်မိန်း​ ပြည်သူ့​ဂုဏ်ရည်ဆုရရှိ
1 / 2
Donate to DVB

မြန်မာပြည်သူလူထု​တွေအတွက် ကိုယ်ကျိုး​စွန့်​ အနစ်နာခံပြီး​ လူမှု​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေသူ​တွေကို ပြည်ပ​ရောက်မြန်မာ​တွေက နှစ်စဉ်ချီး​မြှင့်​ ​ပေး​အပ်တဲ့​ ပြည်သူ့​ဂုဏ်ရည်ဆုကို အခုနှစ်မှာ စစ်ပွဲ​တွေအကြား​ လူထုအကျိုး​ ​ဆောင်ရွက်ရင်း​ မသန်စွမ်း​ဘဝအဖြစ် ​ရောက်​နေရသူ ကချင်သတင်း​ထောက် လဖိုင်​နော်မိန်း​ကို ​ပေး​အပ်ခဲ့​ပါတယ်။

အ​မေရိကန်ပြည်​ထောင်စု နယူး​ယောက်မြို့​မှာ တနင်္ဂ​နွေ​နေ့​က ကျင်း​ပတဲ့​ တတိယအကြိမ် ပြည်သူ့​ဂုဏ်ရည်ဆု ချီး​မြှင့်​ပွဲအခမ်း​အနား​မှာ ကချင်အမျိုး​သား​ လဖိုင်​နော်မိန်း​ကို ဆုချီး​မြင့်​လိုက်တာ ဖြစ်ပါတယ်။ ဆန်ခါတင်ဆု အမည်စာရင်း​ဝင် ၅ ဦး​ထဲက နိုင်ငံ​ပေါင်း​ ၄၉ နိုင်ငံက အင်တာနက်က​ပေး​တဲ့​ ဆန္ဒမဲ​ပေါင်း​ ၅ သိန်း​ ၁ ​သောင်း​ကျော်အနက် ၅၂ ရာခိုင်နှုန်း​ ရရှိခဲ့​တဲ့​အတွက် ဆုချီး​မြှင့်​တာလို့​ ပြည်သူ့​ဂုဏ်ရည်ဆု အဖွဲ့​က အတွင်း​ရေး​မှူး​ ကို​ကျော်ဝဏ္ဏက ​ပြောပါတယ်။

ပြည်သူဂုဏ်ရည်ဆုရတဲ့​ လဖိုင်​နော်မိန်း​ကို ပြည်သူ့​ဂုဏ်ရည်ဆုနဲ့​ အ​မေရိကန်​ဒေါ်လာ ၁ ​သောင်း​ ချီး​မြှင့်​တယ်လို့​ ဆိုပါတယ်။

ဆု​ပေး​ပွဲအခမ်း​အနား​မှာ ၂၀၁၀ တုန်း​က ပြည်သူ့​ဂုဏ်ရည်ဆုရရှိခဲ့​တဲ့​ နာ​ရေး​ကူညီမှုအသင်း​ဥက္ကဋ္ဌ ဦး​ကျော်သူ တက်​ရောက်ပြီး​ အဖွင့်​မိန့်​ခွန်း​ ​ပြောဆိုခဲ့​ပါတယ်။ လဖိုင်​နော်မိန်း​ ကိုယ်တိုင် ဆုတက်​ရောက် မယူနိုင်တဲ့​အတွက် နာ​ရေး​ကူညီမှုအသင်း​ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​ရွှေဇီး​ကွက်က ကိုယ်စား​ တက်​ရောက်ယူခဲ့​ပါတယ်။

လဖိုင်​နော်မိန်း​ဟာ လူမှု​ရေး​လုပ်ငန်း​တွေအပြင် Kachin land News သတင်း​ဌာနရဲ့​ သတင်း​ထောက်ချုပ်အဖြစ်လည်း​ ​ဆောင်ရွက်ခဲ့​ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ ကချင်ပြည်နယ်တွင်း​ တိုက်ပွဲ​တွေကို သွား​ရောက် သတင်း​ယူ​နေချိန် မြန်မာအစိုး​ရကပစ်တဲ့​ ​သေနတ်ကျည်ဆန် ထိမှန်တဲ့​ဒဏ်ရာ​ကြောင့်​ ခန္ဓာကိုယ် တခုလုံး​ မလှုပ်ရှား​နိုင်​တော့​ဘဲ မသန်စွမ်း​ဘဝ ​ရောက်ခဲ့​ပြီး​ အခုချိန်မှာလည်း​ ​ဆေး​ကုသမှု ခံယူ​နေရပါတယ်။ သူရဲ့​ လူမှု​ရေး​လုပ်​ဆောင်ပုံကိုလည်း​ ကို​ကျော်ဝဏ္ဏက အခုလို ရှင်း​ပြပါတယ်။

“လဖိုင်​နော်မိန်း​က ကချင်​ဒေသက ပြည်သူ​တွေရဲ့​ အကျိုး​စီး​ပွား​အတွက် လုပ်စရာရှိတဲ့​ လူမှု​ရေး​ကိစ္စ​တွေကို ရဲရဲတင်း​တင်း​ ​ဆောင်ရွက်ခဲ့​တယ်။ အထူး​သဖြင့်​ ​ပေါ်တာဆွဲတဲ့​ကိစ္စ​တွေမှာ အာဏာပိုင်​တွေနဲ့​ ရဲရဲတင်း​တင်း​ ရင်ဆိုင်ပြီး​ ကချင်လူမျိုး​တွေအတွက် ကာကွယ်​စောင့်​ရှောက်ခဲ့​တယ်။ ဘုရား​ကျောင်း​ တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ၊​ ကချင်​ဒေသခံလူမျိုး​တွေရဲ့​ အသိအမြင်​တွေ တိုး​တက်​အောင်၊​ သူတို့​ရပိုင်ခွင့်​တွေ ဘာလဲဆိုတာကိုသိ​အောင် ​ရှေ့​ဆောင်လမ်း​ပြ လုပ်​ဆောင်ခဲ့​တဲ့​ ကချင်အမျိုး​သား​တဦး​ ဖြစ်ပါတယ်။”

ဒီနှစ်အတွက် ပြည်သူ့​ဂုဏ်ရည်ဆုအပြင် ကချင်ပြည်နယ်မှာ လူမှု​ရေး​လုပ်ငန်း​ လုပ်ကိုင်​နေသူ ​နောက်တဦး​ဖြစ်တဲ့​ ကချင်တိုင်း​ရင်း​သူ မဆုမိုင်ကိုလည်း​ ကချင်​ဒေသမှာ ​ငွေ​ရေး​ကြေး​ရေး​ အကူအညီမပါဘဲ လူမှု​ရေး​အရ စိတ်ဓာတ်ခွန်အား​ ကူညီ​ပြောင်း​လဲ​ပေး​တဲ့​အတွက် အထူး​ဂုဏ်ပြုဆုနဲ့​ အတူ အ​မေရိကန် ​ဒေါ်လာ​ငွေ ၁ ​ထောင် ချီး​မြှင့်​ခဲ့​ပါတယ်။

ပြည့်​သူ့​ဂုဏ်ရည်ဆု ​ပေး​အပ်တာ ဒါ တတိယအကြိမ်ဖြစ်ပြီး​ ဆန်ခါတင် ၅ ဦး​ အဖြစ် လဖိုင်​နော်မိန်း​၊​ နာ​ရေး​ကူညီမှုအသင်း​က စာ​ရေး​ဆရာမ သန်း​မြင့်​အောင်၊​ လယ်သမား​အလုပ်သမား​ အ​ရေး​ကူညီ​ပေး​နေသူ ​ရှေ့​နေ ဦး​ဖိုး​ဖြူ၊​ သုခရိပ်မြုံ လူငယ်ဖွံ့​ဖြိုး​ရေး​ဂေဟာနဲ့​ အန်အယ်လ်ဒီ လူမှုအ​ထောက်အကူပြုအဖွဲ့​တို့​ကို ​ရွေး​ချယ်ထား​တာ ဖြစ်ပါတယ်။ လာမယ့်​ ၂၀၁၃ ဆု​ပေး​ပွဲ အခမ်း​နား​ကို​တော့​ ​တောင်ကိုရီး​ယား​နိုင်ငံမှာ ကျင်း​ပဖို့​ အစီအစဉ် ရှိ​နေပါတယ်။

 

လဖိုင်​နော်မိန်း​နှင့်​ ဆက်သွယ်​မေး​မြန်း​ချက်

ပြည်သူ့​ဂုဏ်ရည်ဆုရရှိသွား​တဲ့​ လဖိုင်​နော်မိန်း​က ဒါဟာ သူတဦး​တည်း​ကို ​ပေး​တာမဟုတ်ပဲ အများ​ပြည်သူကို​ပေး​တာလို့​ ​ပြောဆိုပြီး​ “လုပ်ငန်း​တခုကို မိမိကျွမ်း​ကျင်မှုရှိမှ လုပ်​ဆောင်တာမျိုး​မဟုတ်ဘဲ မိမိတတ်သ​လောက် သိသ​လောက်နဲ့​ လိုအပ်တဲ့​နေရာမှာ လုပ်​ဆောင်တာပါ” လို့​ တိုက်တွန်း​ ​ပြောဆိုလိုက်ပါတယ်။

အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။





Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013