DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံရန် ဒုက္ခသည်များ​ ​မျှော်လင့်
DVB
·
May 27, 2012
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံရန် ဒုက္ခသည်များ​ ​မျှော်လင့်
Donate to DVB

ထိုင်း​-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း​ကို ​ဒေါ်​အောင်ဆန်း​စုကြည် သွား​ရောက်မယ်လို့​ သတင်း​များ​ ထွက်​ပေါ်ခဲ့​အပြီး​ ဒုက္ခသည်​တွေကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံဖို့​ ​မျှော်လင့်​နေပါတယ်။

မယ်လ ဒုက္ခသည်စခန်း​ကို ​ဒေါ်​အောင်ဆန်း​စုကြည် လာ​ရောက်ပါက ​တွေ့​ချင်သူ အများ​အပြား​ရှိ​နေသလို လာ​ရောက်ပါက ​ကောင်း​မွန်စွာ ကြိုဆိုကြမယ်လို့​ မယ်လ ဒုက္ခသည်စခန်း​ ဥက္ကဋ္ဌ ​စောထွန်း​ထွန်း​က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်သာ လာ​ရောက်ပါက ​တွေချင်တဲ့​သူ​တွေများ​တဲ့​ အတွက် လူ​တွေ အရမ်း​များ​သွား​မှာကိုပင် စိုး​ရိမ်​နေရတယ်လို့​ သူက ဆိုပါတယ်။

စခန်း​ထဲက လူ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည် ခရီး​စဉ်အ​ပေါ် ​မျှော်လင့်​ချက်နဲ့​ ပတ်သက်ပြီး​ ​စောထွန်း​ထွန်း​က အခုလို ရှင်း​ပြပါတယ်။

“ကျ​နော်တို့​ တနိုင်ငံလုံး​က ​လေး​စား​တဲ့​သူအ​နေနဲ့​ အများ​ကြီး​ ​မျှော်လင့်​ပါတယ်။ ကိုယ့်​အိမ်မှာ မ​နေနိုင်လို့​ ထွက်​ပြေး​လာရတဲ့​ ကျ​နော်တို့​ ခံစား​ချက်​တွေကို သူက​နေတဆင့်​ သက်ဆိုင်ရာ အစိုး​ရ​တွေကို ပြန်ပြီး​ ​ပြောပြလို့​ရတာ​ပေါ့​။ ကျ​နော်တို့​လည်း​ အိမ်ပြန်နိုင်မယ့်​ ​နေ့​ရက်​တွေကို မြန်မြန်ဆန်ဆန် ပြန်ချင်တာ​ပေါ့​။”

ဒေါ်​အောင်ဆန်း​စုကြည် လာ​ရောက်ဖို့​ သတင်း​ထွက်​နေ​ပေမယ့်​လည်း​ အတည်ပြုလို့​ မရ​သေး​ဘူး​လို့​ သူက ​ပြောပါတယ်။

ထိုင်း​-မြန်မာ နယ်စပ် မယ်​တော်​ဆေး​ခန်း​က ​ဒေါက်တာ စင်သီယာ​မောင်နဲ့​ ​တွေ့​ဆုံဖို့​ သတင်း​တွေ ထွက်​နေ​ပေမယ့်​ ​မေး​မြန်း​ကြည့်​ရာမှာ​တော့​ တစုံတရာ အ​ကြောင်း​မကြား​သေး​ဘူး​လို့​ ​ဒေါက်တာစင်သီယာ​မောင်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​မေ ၃၀ က​နေ ဇွန်လ ၁ ရက်​နေ့​အထိ ဘန်​ကောက်မှာ ကျင်း​ပမယ့်​ ကမ္ဘာ့​စီး​ပွား​ရေး​ ညီလာခံကို တက်​ရောက်မှာဖြစ်ပြီး​ ကြာသပ​တေး​နေ့​မှာ ဒုက္ခသည်စခန်း​ကို သွား​ရောက်မယ်လို့​ ဘန်​ကောက်ပို့​စ် သတင်း​စာမှာ ​ရေး​ထား​ပါတယ်။

ထွက်​ပေါ်​နေတဲ့​ သတင်း​တွေအရ ​ဒေါ်​အောင်ဆန်း​စုကြည်ကို မဲ​ဆောက်အထိသာ သွား​ရောက်ဖို့​နဲ့​ ဒုက္ခသည်စခန်း​တွေကို သွား​ရောက်ဖို့​ ထိုင်း​အာဏာပိုင်​တွေဘက်က ခွင့်​မ​ပေး​ဘူး​လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013