ရုရှားသမ္မတရွေးကောက်ပွဲသို့ သမ္မတပူတင် လာရောက်ဆန္ဒမဲပေး

ရုရှားသမ္မတ ရွေးကောက်ပွဲအတွက် မတ်လ ၁၈ ရက်နေ့က မြို့တော် မော်စကိုမှာ သမ္မတ ဗလာဒီမာပူတင် လာရောက် ဆန္ဒမဲပေးခဲ့ပါတယ်။ အခု ရုရှားရွေးကောက်ပွဲဟာ  သမ္မတပူတင်အတွက်တော့ ၄ ကြိမ်မြောက် တာဝန်ထမ်းဆောင်ခွင့်ရရေး ၀င်ရောက်ယှဉ်ပြိုင်တာပါ။ သမ္မတ ပူတင်ဟာ နောက်ထပ်  ၆ နှစ်သက်တမ်းအတွက် တခြားပြိုင်ဘက် ၇ ဦး နဲ့ ယှဉ်ပြိုင်တာဖြစ်ပြီး ပထမဆုံး မဲရလဒ်တွေကို မတ်လ ၁၈ ရက်နေ့ညနေမှ သိရမှာဖြစ်ပါတယ်။ ပူတင်ရဲ့ ပြိုင်ဘက်တွေထဲမှာ ကွန်မြူနစ်ဝါဒီ သန်းကြွယ် သူဌေးကြီး ပါဗယ်ဂရူဒီနင်၊ ရုပ်သံ အစီအစဉ်မှူးဟောင်း ကတ်ဆန်နီးယားဆော့ဘ်ချက်နဲ့ အမျိုးသားဝါဒီ စစ်ပြန်ကြီး ဗလာဒီမာ ဇီရီနော့စကီ စသူတို့ ပါဝင်ပါတယ်။ ပူတင်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အလက်ဇီနာဗယ်နီကိုတော့ လိမ်လည်မှုနဲ့ ရွေးကောက်ပွဲဝင်ရောက်ခွင့် တားမြစ်ခဲ့ပါတယ်။ သတင်းထောက်တဦးက သမ္မတပူတင်ကို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထောက်ခံမဲ  ဘယ်လောက်ရမယ်လို့ မျော်မှန်းထားလဲလို့ မေးရာမှာ ပူတင်က အရေအတွက်ဘယ်လောက် ဖြစ်ဖြစ် ကျနော့်ကို သမ္မတတာဝန်ထမ်းခွင့်ပြုမှာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ မစ္စတာပူတင်ဟာ ၁၉၉၉ ခုနှစ်ကစပြီး သမ္မတနဲ့ ၀န်ကြီးချုပ် တာဝန်တွေကို တလှည့်စီရယူခဲ့ပြီး   သြဇာကြီးမားတဲ့ ရုရှားခေါင်းဆောင်တဦး ဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up