Saturday, June 10, 2023
HomeLead Storyရွှေစက်တော်ဘုရားပွဲတော်အနီး လူသေအလောင်း ၁ လောင်းတွေ့ရှိ

ရွှေစက်တော်ဘုရားပွဲတော်အနီး လူသေအလောင်း ၁ လောင်းတွေ့ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၊ ရွှေစက်တော်ဘုရားပွဲတော် ငဖဲစောင်းတန်းအနီးက လျှိုမြောင်ထဲမှာ ခြောက်သွေ့နေတဲ့ အမျိုးသားအလောင်းတလောင်းတွေ့ရတယ်လို့ ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။

“မတ်လ ၁၇ ရက် နေ့လယ် ၁၁ ခွဲလောက်က ဈေးသည် ဦးတင်ငွေရဲ့ သတင်းပေးချက်အရ တာဝန်ရှိသူတွေသွားရောက်စစ်ဆေးကြတာပါ။ ဘယ်လိုကြောင့်သေတယ်။ ဘာကြောင့် သေတယ်ဆိုတာတော့ မသိရသေးဘူး။ အသက်ကတော့ ၄၀ ဝန်းကျင်ပေါ့။ သေဆုံးတာ ၁၀ ရက်ဝန်းကျင်လောက်ရှိပြီလို့တော့ တာဝန်ရှိသူတွေ သုံးသပ်ထားတယ်။ ဘယ်က ဘယ်သူ ဆိုတာကိုတော့အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

အဲဒီ အလောင်းကိုမင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် စစ်ဆေးနေပြီး စကုနယ်မြေရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၈ နဲ့ အမှုရေးဖွင့် စစ်ဆေးနေပါတယ်။

ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလကနေ ဧပြီလအထိ သုံးလကြာကျင်းပတာ ဖြစ်ပါတယ်။

သားကြီး (တောင်တွင်းကြီး)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular