Home
မြန်မာသတင်း
လယ်ဝေးမြို့နယ်တွင် ဆီတင်ကား ၁ စီးတိမ်းမှောက်မီးလောင်
DVB
·
March 18, 2018
  နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ဆီတင်ကားတစီးတိမ်းမှောက်မီးလောင်ပြီး ယာဉ်မောင်း အပါအဝင် အနီးအနားက အိမ်တွေ မီးလောင်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မနေ့က ညနေပိုင်းမှာ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ  ဖြစ်ပွားခဲ့တာပါ။ Moon Sun စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီက သက်ပိုင်ထွန်း (ခ)သက်ပိုင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်မျိုးဦးနဲ့ ထိန်လင်းတို့ လိုက်ပါလာတဲ့ ၂၂ ဘီး ဆီဘောက်ဆာတွဲယာဉ်ဟာ အရှိန်လွန်တိမ်းမှောက်ပြီး မီးလောင်ခဲ့ပါတယ်။ အဲဒီကားမှာ ဆီဂါလံ ၉၀၀၀ ပါလာပြီး မီးလောင်မှုကြောင့် နေအိမ် ၉ လုံးနဲ့ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံးလည်း မီးလောင်သွားခဲ့တာပါ။ မီးလောင်နေတုန်းမှာ ယာဉ်နောက်လိုက် ဇော်မျိုးဦးနဲ့ ထိန်လင်းတို့က ခုန်ချထွက်ပြေးခဲ့ပြီး မျက်နှာနဲ့ ခါးတို့မှာ မီးလောင်ဒဏ်ရာတွေ ရခဲ့သလို ယာဉ်မောင်း သက်ပိုင်ထွန်းကတော့ ကားထဲမှာ ကျန်ခဲ့တယ်လို့ သိရပြီး ကားခေါင်းခန်းထဲက လူအရိုးစု ၁ ခုတွေ့ရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇော်မျိုးဦးနဲ့ ထိန်လင်းတို့ဟာ မြို့လှတိုက်နယ်ဆေးရုံမှာ ကုသနေပြီး သေဆုံးသူယာဉ်မောင်း သက်ပိုင်ထွန်းကို သာဝတ္ထိနယ်မြေရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု/ သာမန်နာကျင်စေမှု/ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၈၅ တွေနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024