DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်​ အစိုး​ရအကြား​ ကြား​ဝင်​ဆောင်ရွက်​ပေး​ရန် ကုလသမဂ္ဂကို ကမ်း​လှမ်း
DVB
·
May 27, 2012
ကေအိုင်အိုနှင့်​ အစိုး​ရအကြား​ ကြား​ဝင်​ဆောင်ရွက်​ပေး​ရန် ကုလသမဂ္ဂကို ကမ်း​လှမ်း
Donate to DVB

အစိုး​ရတပ်​တွေနဲ့​ ​ကေအိုင်အိုအကြား​ ဖြစ်ပွား​နေတဲ့​ပဋိပက္ခဟာ လူမျိုး​ရေး​ ​ချေမှုန်း​တဲ့​ ဘက်ကို ​ရောက်​နေတယ်လို့​ ​ကေအိုင်အိုအဖွဲ့​က ကုလသမဂ္ဂကို စာပို့​တိုင်ကြား​လိုက်ပြီး​ ကြား​ဝင်​ဆောင်ရွက်​ပေး​ဖို့​ ကမ်း​လှမ်း​လိုက်ပါတယ်။

ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် ဘန်ကီမွန်း​ထံ ​ကေအိုင်အိုဥက္ကဋ္ဌ ဦး​ဇောင်း​ခရား​က ဒီလ ၁၅ ရက်​နေ့​ ရက်စွဲနဲ့​ ​ပေး​ပို့​တဲ့​စာထဲမှာ ​ရေး​ထား​တာပါ။

ကေအိုင်အို လက်​ထောက်နိုင်ငံခြား​ရေး​တာဝန်ခံ ဂျိမ်း​စ်လွန်​ဒေါင်က မြန်မာအစိုး​ရတပ်​တွေရဲ့​ လုပ်​ဆောင်ချက်​တွေဟာ လူမျိုး​ရေး​ချေမှုန်း​တဲ့​ဘက်ကို ဦး​တည်ပုံကို ခုလို ​ပြောပါတယ်။

[caption id="attachment_25692" align="alignleft" width="300" caption="ဦး​အောင်​သောင်း​ ဦး​ဆောင်သည့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​နှင့်​ ပြီး​ခဲ့​တဲ့​ မတ်လအတွင်း​ ​ဆွေး​နွေး​ခဲ့​စဉ်က"][/caption]

“တပ်မ​တော်က​နေ လူမျိုး​ရေး​ ​ချေမှုန်း​မှုကို လုပ်​နေတယ်။ ဘာလို့​လဲဆိုရင် ​ကေအိုင်အိုရဲ့​နယ်​မြေကို သိမ်း​လာတဲ့​အပြင် ပြည်သူလူထုရဲ့​ နယ်​မြေ ဧက​ပေါင်း​ သိန်း​ပေါင်း​ချီပြီး​ ​လျှောက်သိမ်း​တယ်။ စီး​ပွား​ရေး​ပိုင်း​မှာဆိုရင်လည်း​ ​ကြေညာ​နေပြီ။ ​ကျောက်စိမ်း​တွင်း​တွေကို ဘယ်သူမှမလုပ်ရဘူး​။ တဖြည်း​တဖြည်း​ သိမ်း​ကျုံး​လာတယ်။ တခြား​ ​တော်လှန်​ရေး​အဖွဲ့​ အကုန်လုံး​က အပစ်ခတ်ရပ်စဲထား​ပြီး​၊​ ရပ်ထား​တဲ့​သူ​တွေကို​တောင် သက်သက်မဲ့​ လာတိုက်တယ်ဆို​တော့​ လူမျိုး​ရေး​ဘက်​ရောက်သွား​တာ​ပေါ့​။”

လူထုတင်​မြှောက်တဲ့​ အစိုး​ရ ​ပေါ်​ပေါက်ချိန်၊​ မဟာမိတ်​တွေ အပစ်အခတ် ရပ်စဲချိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ စွမ်း​ပကား​တွေကို အသုံး​ချရမယ့်​ အချိန်​ကောင်း​မှာ ​ကေအိုင်အိုကို အစိုး​ရက တိုက်တာပါလို့​ ဂျိမ်း​စ်လွန်​ဒေါင်က ​ပြောပါတယ်။

“လူထုရဲ့​ အစိုး​ရတတ်လာပြီ။ တချိန်တည်း​မှာ တခြား​ မဟာမိတ်အဖွဲ့​တွေကလည်း​ အပစ်ခတ်ရပ်စဲပြီ။ ​ရှေ့​ရေး​က အင်မတန်မှ​ကောင်း​တယ်။ အထူး​သဖြင့်​ ​ဒေါ်စုက နိုင်ငံ​ရေး​ပိုင်း​မှာ​သော်လည်း​ကောင်း​၊​ လူမှု​ရေး​ပိုင်း​မှာ​သော်လည်း​ကောင်း​၊​ ဥပ​ဒေပိုင်း​ဆိုင်ရာ အမျိုး​မျိုး​မှာ ပြည်သူလူထုရဲ့​ အကျိုး​အတွက် ဦး​ဆောင်တဲ့​၊​ ပါဝင်​ဆောင်ရွက်တဲ့​ အပိုင်း​မှာရှိ​နေတယ်။ အဲ့​အတွက် ကျ​နော်တို့​က အင်မတန်မှ အား​ရမိ​နေတယ်။ ဒီလိုအား​ရမိ​နေတဲ့​အချိန်မှာ​တောင် တပ်မ​တော်က ဇွန်လ ၉ ရက်​နေ့​မှာ ကျ​နော်တို့​ကို လာတိုက်တယ်။”

ဦး​သိန်း​စိန်က မနှစ် ဒီဇင်ဘာ ၁၀ ရက်ကတည်း​က မတိုက်​တော့​ဖို့​ အမိန့်​ပေး​ထား​ပေမယ့်​ အစိုး​ရတပ်ဖွဲ့​တွေဟာ ​ကေအိုင်အိုကို တပ်မဟာ ၅ ခုစလုံး​ကို ဆက်လက် တိုက်ခိုက်​နေသလို ၁ နှစ်အတွင်း​ တိုက်ပွဲ စုစု​ပေါင်း​ ၁၄၀၀ ဝန်း​ကျင်ရှိတယ်လို့​ သူက ​ပြောပါတယ်။

စာ​ပေး​ပို့​ပြီး​ ၄ ရက်အကြာမှာ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်ရဲ့​ ​ပြောခွင့်​ရသူက သတင်း​စာရှင်း​လင်း​ပွဲ လုပ်​ဆောင်ပြီး​ ​ကေအိုင်အိုအ​ပေါ် ထိုး​စစ်​တွေကို ရပ်တန့်​ပြီး​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ အ​ဖြေရှာဖို့​ ​တောင်း​ဆိုခဲ့​သလို အ​မေရိကန် နိုင်ငံခြား​ရေး​ ဝန်ကြီး​ကလည်း​ ကချင်ပြည်နယ်တွင်း​ စစ်ဖြစ်​နေတဲ့​အ​ပေါ် စိုး​ရိမ်​ကြောင်း​ ထုတ်​ပြောခဲ့​ပါတယ်။

နှစ်ဘက်အကြား​ တိုက်ပွဲပြန်ဖြစ်ပြီး​တဲ့​နောက် နှစ်ဖက်ကိုယ်စား​လှယ်​တွေ ​တွေ့​ကြ​ပေမယ့်​ မ​ပြေလည်ဘဲ လွန်ခဲ့​တဲ့​ ရက်ပိုင်း​က​တော့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှု လုပ်ငန်း​အဖွဲ့​ ဒုတိယဥက္ကဋ္ဌ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ဟာ ​ကေအိုင်အို ​ခေါင်း​ဆောင်​တွေကို ထိုင်း​နိုင်ငံမှာ အလွတ်သ​ဘော ​တွေ့​ဆုံခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013