A d v e r t i s e m e n t With Us

ရန်ကုန် ​ကျောင်း​အချို့​တွင် အခမဲ့​ ​ကျောင်း​အပ်ခွင့်​ရပြီ

အခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ​ကျောင်း​အပ်ရာသီမှာ အ​ခြေခံပညာ ​ကျောင်း​သား​တွေအတွက် အစိုး​ရက အခမဲ့​ပညာ​ရေး​ စတင်အ​ကောင်အထည် ​ဖော်​နေပါတယ်။ ရန်ကုန်မြို့​က အ​ခြေခံပညာ​ကျောင်း​တချို့​မှာ ​ကျောင်း​သား​ကျောင်း​သူ​တွေ ​မေလ ၂၅ ရက်ကစပြီး​ ​ကျောင်း​အပ်လက်ခံ​နေရာမှာ အလှူအပါအဝင် ​ငွေ​ကြေး​ တစုံတရာ မ​ပေး​ရတဲ့​အပြင် ​ကျောင်း​သုံး​ ဗလာစာအုပ်​တွေလည်း​ အခမဲ့​ ရရှိခဲ့​ကြတာပါ။ ရန်ကုန်မြို့​ အမှတ် ၂ အထက်တန်း​ စမ်း​ချောင်း​မြို့​နယ်မှာ မူလတန်း​ကျောင်း​သား​ ၂ ​ယောက် ​ကျောင်း​သွား​အပ်ခဲ့​တဲ့​ ​ကျောင်း​သား​မိဘတဦး​က ဒီနှစ် ​ကျောင်း​သွား​အပ်ရတဲ့​ အ​တွေ့​အကြုံကို ခုလို​ပြောပြပါတယ်။ “ကျ​နော့်​က​လေး​က ၂ တန်း​တ​ယောက်၊​ ၃ တန်း​တ​ယောက် သွား​အပ်တယ်။ ​ကျောင်း​ရောက်တာနဲ့​ သူ့​ဟာသူ ​ဖောင် ၃ ခု​ပေး​တယ်။ မိဘ ဖြည့်​ရတဲ့​ဟာရယ်၊​ လိုအပ်ချက် စာရွက်စာတမ်း​ ၃ ခု​ပေး​ပါတယ်။ အဲဒီအ​ပေါ်မှာဖြည့်​၊​ ဖြည့်​ပြီး​တော့​ ဆရာမကို ပြန်​ပေး​၊​ ဆရာမ​တွေက လက်ခံယူထား​ပြီး​တော့​ ဗလာစာအုပ် ၆ အုပ်​ပေါ့​နော် အဲဒါကို အလကား​ပေး​လိုက်တယ်။ ပိုက်ဆံလည်း​ တပြား​မှ မ​ပေး​ရဘူး​။” အရင်နှစ် ​ကျောင်း​သွား​အပ်တုန်း​က​တော့​ ​ကျောင်း​တံဆိပ်ပါ ဗလာစာအုပ် မဝယ်မ​နေရ ဝယ်ယူခဲ့​ရပြီး​ ​ကျောင်း​သား​တဦး​ ​ငွေကျပ် သုံး​လေး​ထောင်​လောက် ကုန်ကျခဲ့​တာပါ။ ဒီနှစ်​တော့​ အဲ့​ဒီလိုမျိုး​ မဝယ်မ​နေရ ​ရောင်း​တာမျိုး​လည်း​ မကြုံ ​တွေ့​ခဲ့​ရဘူး​လို့​ ​ကျောင်း​သား​မိဘ​တွေက ​ပြောပါတယ်။ အခုနှစ် ​ကျောင်း​အပ်လက်ခံ​နေပုံကို အထက ၂ စမ်း​ချောင်း​ ​ကျောင်း​အုပ်ဆရာမကြီး​ ​ဒေါ်ခင်ပြုံး​က “သူငယ်တန်း​က​နေ ၄ အတန်း​အထိကျ​တော့​ ဗလာစာအုပ်။ စာအုပ်က တ​ယောက်ကို ၆ အုပ် အဲဒါက​တော့​ ​ကျောင်း​လာအပ်တဲ့​ က​လေး​တိုင်း​ကို တခါတည်း​ ​ပေး​လိုက်ပါတယ်။ ပုံနှိပ်စာအုပ်ကလည်း​ အခမဲ့​ ​ပေး​တာပါ။ ၁ တန်း​က​နေ ၄ တန်း​အထိ က​လေး​တွေက​တော့​ ကျမတို့​က​လေ နှစ်ဆန်း​ ၂ ရက်​နေ့​ ​အောင်စာရင်း​ ထွက်ပြီး​တဲ့​ ​နောက်ပိုင်း​ ကျမတို့​ ၂၄ ရက်​နေ့​လောက်မှ ချိန်း​ပြီး​တော့​ အဲဒီ မူလတန်း​ က​လေး​လေး​တွေကိုကျ​တော့​ အခမဲ့​ ​ဝေပြီး​သား​။ ​ဖောင်ဖိုး​ဘာညာ စသည်အား​ဖြင့်​ ​ပေါ့​နော်။ အဲဒါ​တွေက ဘာတခုမှ ​ငွေ​ကြေး​နဲ့​ ဘာတခုမှ မ​ရောင်း​ဘဲနဲ့​ကို သူတို့​က ဒီ ဗလာစာအုပ် ၆ အုပ်နဲ့​ ပုံနှိပ်စာအုပ်​တွေ ရယူသွား​ပြီး​တော့​၊​ ​ကျောင်း​အပ်တာ ​ငွေ​ကြေး​ကုန်ကျမှု မရှိဘဲနဲ့​ အပ်လို့​ ရ​အောင်ဆိုပြီး​တော့​ မူလတန်း​ပိုင်း​က အဲဒီလို စီစဉ်ထား​ပါတယ်။ “အလယ်တန်း​ပိုင်း​နဲ့​ အထက်တန်း​ပိုင်း​ကကျ​တော့​ ကျမတို့​က ဌာနဆိုင်ရာ​ပေါ့​နော် သတ်မှတ်တဲ့​ သွင်း​ရမယ့်​ ​ကျောင်း​လခ၊​ ၅ တန်း​က​နေ ၁၀ တန်း​အထိက​တော့​ တ​ယောက် ကျပ် ၁၀၀၀ ​ပေါ့​နော်။ ​ကျောင်း​လခကကျ​တော့​ ၁ နှစ်စာ အတွက် ၅ တန်း​က ၅၀၀၊​ ၆ တန်း​က ၆၀၀ ​ပေါ့​၊​ ၁၀ တန်း​အထိ တက္ကသိုလ်ဝင်တန်း​ အထိဆိုရင် ၁၀၀၀။ အဲဒီ နှုန်း​နဲ့​ဆိုတဲ့​အခါကျ​တော့​ ၅ တန်း​ကျောင်း​သား​တ​ယောက်သည် ၁၅၀၀ ​ပေါ့​။ ၁၀ တန်း​ကျောင်း​သား​သည် ၂၀၀၀ ​ပေါ့​။ ၁၅၀၀ နဲ့​ ၂၀၀၀ ကြား​မှာရှိတဲ့​ ​ငွေ​ကြေး​ကို အဲဒါက​တော့​ ကျမတို့​ တရား​ဝင် ​ပေး​သွင်း​ရပါတယ်။ အဲဒါကလွဲလို့​ ကျန်တဲ့​ဥစ္စာ​တွေက ဘာတခုမှ မရှိဘဲနဲ့​ မိဘ​တွေက ​ကျောင်း​အပ်နိုင်​အောင် စီစဉ်​ပေး​ထား​ပါတယ်။” ပညာ​ရေး​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​က ဒီနှစ်​ကျောင်း​ဖွင့်​ရာသီမှာ တနိုင်ငံလုံး​မှာရှိတဲ့​ မူလတန်း​ကျောင်း​သား​တွေကို ဗလာစာအုပ်နဲ့​ ပြဋ္ဌာန်း​စာအုပ်​တွေ အခမဲ့​ပေး​မယ်လို့​ ထုတ်​ဖော်​ပြောဆိုထား​တဲ့​အတိုင်း​ ရန်ကုန်က ​ကျောင်း​တွေမှာ လိုက်ပါ​ဆောင်ရွက်​နေတာ ဖြစ်​ပေမယ့်​ တခြား​မြို့​နယ်​တွေက ​ကျောင်း​တွေမှာ​တော့​ လိုက်နာ​ဆောင်ရွက်ခြင်း​ ရှိမရှိ မသိရ​သေး​ပါဘူး​။ အခုလို မူလတန်း​ကျောင်း​သား​တွေအတွက် အခမဲ့​ ​ကျောင်း​အပ်လက်ခံတဲ့​ အ​ပေါ် ရန်ကုန်တက္ကသိုလ် အငြိမ်း​စား​ ကထိက ​ဒေါက်တာခင်​မောင်ညိုက ကြိုဆိုလိုက်ပြီး​ အဆင့်​မီ​ကျောင်း​တွေ ​ပေါ်ထွန်း​ဖို့​ လိုအပ်တဲ့​ဘတ်ဂျက် အသုံး​စရိတ်ချ​ပေး​ဖို့​ လိုတယ်လို့​ အခုလို ​ထောက်ပြ ​ပြောဆိုလိုက်ပါတယ်။ “ပညာ​ရေး​ မြှင့်​တင်​ပေး​ရင် မူလတန်း​လောက် လုပ်​ပေး​ရင်​တော့​ ​ကောင်း​တာ​ပေါ့​ဗျာ။ အဲဒီ​တော့​ ကျ​နော်တို့​က ​ကျောင်း​အုပ်​တွေက ပိုက်ဆံမ​ကောက်ရဘူး​၊​ ဆရာ/ဆရာမ​တွေက ပိုက်ဆံမ​ကောက်ရဘူး​လို့​ သတ်မှတ်ပြီး​တာ့​ လုပ်ထား​ပေမယ့်​ ကျ​နော်တို့​က ဒီ​ကျောင်း​တွေ ဘတ်ဂျက်လုံလုံ​လောက်​လောက်နဲ့​ ဥပမာအား​ဖြင့်​ အိမ်သာကအစ​ပေါ့​။ သန့်​သန့်​ရှင်း​ရှင်း​ ​ကျောင်း​ပေါ့​ ​ခေတ်မီ​ကျောင်း​မျိုး​ပေါ့​။ အနည်း​ဆုံး​တော့​ ကျန်း​မာ​ရေး​နဲ့​ညီညွတ်တဲ့​ ​ကျောင်း​တွေ၊​ လက်​ဆေး​ဖို့​ ​ရေရှိမယ်၊​ ​သောက်ဖို့​ ​ရေရှိမယ် အဲဒါမျိုး​လေး​တွေ ရှိတဲ့​ ​ကျောင်း​တွေ ဖြစ်​အောင်လို့​လည်း​ ဆက်ပြီး​တော့​ ကြိုး​စား​ပေး​ဖို့​ လိုတာ​ပေါ့​။”

A d v e r t i s e m e n t With Us

More News
Up