Home
မြန်မာသတင်း
ဆီအုန်းစိုက်ဧက ၁၉ သိန်းကျော်ထဲမှ ၅ သိန်းကျော်သာ အကောင်ထည်ဖော်နိုင်
ထွန်းထွန်းသိန်း
·
March 17, 2018
မြန်မာနိုင်ငံမှာ ဆီအုန်းစိုက်ပျိုးဖို့အတွက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြေဧက ၁၉ သိန်းကျော် ချပေးခဲ့ပေမယ့် အခုချိန်ထိ ဧက ၅ သိန်းကျော်ပဲ အကောင်အထည် ဖော်နိုင်သေး တယ်လို့ သုတေသနအဖွဲ့အစည်းတွေက မတ်လ ၁၇ ရက် ရန်ကုန်မြို့၊ ပတ်ခ်ရွိုင်ရယ်ဟိုတယ်မှာ သတင်းထုတ်ပြန်ပါတယ်။ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေဟာ လုံ့လစိုက်ထုတ်မှုမရှိဘဲ လတ်တလော အကျိုးစီးပွားကိုသာ ရှေးရှုပြီး ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာတွေ ထိခိုက်ဆုံးရှုံးနေတယ်လို့ ဆီအုန်းနောက်ကွယ် အစီရင်ခံစာမှာ ပါဝင်သုတေသနပြုခဲ့တဲ့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ပြောပါတယ်။ တနသာင်္ရီတိုင်းအတွင်းမှာ ဧက ၁၃၃၆၀၀ နဲ့ ဆီအုန်းစိုက်ခွင့် အများဆုံးရရှိထားတဲ့ ကုမ္ပဏီတခုကလည်း ခုချိန်ထိ ဧက ၃ ထောင်ကျော်သာ စိုက်ပျိုးနိုင်ပြီး သစ်ထုတ်မှုကြာင့် သစ်တော ဧက ၁၆၀၀၀ လောက် ပြုန်းတီးစေခဲ့တယ်လို့ အစီရင်ခံစာပြုလုပ်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024