DVB Logo
Home
မြန်မာသတင်း
သံမဏိစက္ရံုအလုပ္သမား​မ်ား​ အစာငတ္ခံဆနၵျပ
DVB
·
May 25, 2012
သံမဏိစက္ရံုအလုပ္သမား​မ်ား​ အစာငတ္ခံဆနၵျပ
Donate to DVB

ရန်ကုန်တိုင်း​အတွင်း​ ရှိ စက်မှုဇုန်​တွေမှာ အလုပ်သမား​ဆန္ဒပြမှု​တွေ ဆက်လက် ဖြစ်ပွား​နေပြီး​ စက်ရုံတချို့​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​ ညှိနှိုင်း​တဲ့​အခါ ​ပြေလည်မှု ရသွား​ပြီဖြစ်မယ့်​ တချို့​စက်ရုံ​တွေမှာ​တော့​ အစာငတ်ခံဆန္ဒပြတဲ့​အထိ အ​ခြေအ​နေ တင်း​မာ​နေပါတယ် ။

ရန်ကုန်မြို့​ ​မှော်ဘီမှာရှိတဲ့​ သရဖူ သံမဏိစက်ရုံမှာ အ​ခြေခံ လစာတိုး​မြှင့်​ရေး​ အလုပ်သမား​တွေရဲ့​ ဆက်လက်​တောင်း​ဆိုချက်ကို အလုပ်ရှင်က မလိုက်​လျော​ပေး​တဲ့​ အတွက် ဆန္ဒပြသူ​တွေထဲက တချို့​ဟာ အစာငတ်ခံ ဆန္ဒပြ​နေပါတယ်။

အစာငတ်ခံ ဆန္ဒပြ အလုပ်သမား​တဦး​က “တဆင့်​တက်ပြီး​ ဆန္ဒပြရတဲ့​ ရည်ရွယ်ချက်က​တော့​ ကျ​နော်တို့​ရဲ့​ သူ​ဌေး​က အ​ခြေခံလစာ ​တောင်း​ဆိုချက်ကို လိုက်​လျောမ​ပေး​ဘူး​။ ပထမ စပြီး​ ဆန္ဒပြတဲ့​ ၂ ရက်ပဲ ကျ​နော်တို့​ကို အစိုး​ရဘက်က လာညှိ​ပေး​တယ်။ ကျန်တဲ့​ ၄ ရက်မှာ ကျ​နော်တို့​ကို ညှိနှိုင်း​ဆွေး​နွေး​တာ ဘာမှ မရှိဘူး​။ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​က ​နောက်တဆင့်​ တက်ပြီး​တော့​ ဆန္ဒပြတာ။ ကျ​နော်တို့​က တနိုင်ငံလုံး​စာ အ​ခြေခံလူတန်း​စား​ စက်ရုံလုပ်သား​တွေ အား​လုံး​အတွက် ဆန္ဒပြတာပါ။ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အ​ခြေခံလစာ ​ကောင်း​သွား​မယ်​လေ။ သူတို့​ ဒီလို ​ဖြေရှင် မ​ပေး​မချင်း​ ကျ​နော်တို့​ ဒီလိုပဲ ဆက်ပြီး​ ဆန္ဒပြ​နေဦး​မှာပါ။”

ဆန္ဒပြ အလုပ်သမား​ ၂၀၀ ​လောက်ရှိပြီး​ အဲဒီထဲက အလုပ်သမား​ ၂၅ ဦး​ အစာငတ်ခံ ဆန္ဒပြ​နေတာပါ။

တိုက်ကြီး​မြို့​နယ်မှာ ရှိတဲ့​ MGE အထည်ချုပ်စက်ရုံက အလုပ်သမား​တွေကလည်း​ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုချက်ကို အလုပ်ရှင်က မလိုက်​လျော​ပေး​တဲ့​အတွက် ဆက်ပြီး​ ဆန္ဒပြရာမှာ အလုပ်ဖြုတ်တယ်ဆိုပြီး​ အလုပ်ရှင်က ဒီ​နေ့​ စာကပ်ခဲ့​တယ်လို့​ ဆန္ဒပြအလုပ်သမား​ မသန်း​ဝင်း​ရီက ​ပြောပါတယ်။

“လစာ ပထမ ၁ ​သောင်း​ခွဲ တိုး​တောင်း​တာက​နေ ​လျှော့​ပါဦး​ ​ပြောလို့​ ၁ ​သောင်း​လောက်ပဲ ​တောင်း​တာ။ သူတို့​က ၆ ​ထောင်ပဲ ​ပေး​တယ်။ ​တောင်း​ဆို​နေတဲ့​ ၁ ​သောင်း​ကို သူတို့​ဘက်က ဖြည့်​ဆည်း​ပေး​မယ်ဆိုရင် အလုပ်သမား​ အကုန်လုံး​က ပြန်ဝင်လုပ်မှာ။ ဒါ​ပေမယ့်​ မ​နေ့​တုန်း​က အလုပ်သမား​ရုံး​ ညွှန်ချုပ်လာတဲ့​အခါကျ​တော့​ အလုပ်ရှင်က အလုပ်ဖြုတ်ပစ်လိုက်လို့​ ​ပြောတယ်တဲ့​။

“အစ်မတို့​ အလုပ်သမား​တွေ အကုန်လုံး​ကို ၃ ရက် ပျက်ကွက်တဲ့​အတွက် အလုပ်ဖြုတ်လိုက်ပြီး​လို့​ ​ပြောတဲ့​အတွက်၊​ အစ်မတို့​က အစ်မတို့​ လိုချင်တဲ့​ ဆန္ဒကို ​တောင်း​ခံ​နေတာ ​နေ့​တိုင်း​ပုံမှန်လည်း​ လာတယ်။ အဲဒါ ဘာကိစ္စ အလုပ်ဖြုတ်ရမှာလဲ ဆိုပြီး​တော့​ အလုပ်ဖြုတ်ဖို့​ရာလည်း​ မသင့်​ဘူး​၊​ ၃ ရက် ပျက်ကွက်စာလည်း​ နုတ်ဖို့​ မလိုဘူး​ဆိုပြီး​ ဆက်ပြီး​တော့​ ​တောင်း​ခံ​နေတာပါ။ အလုပ်လုပ်​နေတဲ့​ စက်ရုံကို ဒီ​နေ့​ ပိတ်လိုက်ပါတယ်။ ၃ ရက်ပိတ်တယ်လို့​ သူတို့​က ​ကြေညာပါတယ်။ တနင်္လာ​နေ့​ကျရင် အင်တာဗျူး​အသစ် ​ခေါ်ပါမယ်လို့​ ​စော​စောကပဲ ဆိုင်း​ဘုတ် တင်လိုက်တယ်​လေ။ အဲဒီ စာကပ်တဲ့​အ​ပေါ်မှာ ကျ​နော်တို့​က ဘယ်​ကျေနပ်မလဲ။”

ဟိုင်မိုဆံပင်တုစက်ရုံက အလုပ်သမား​တွေက​တော့​ မ​နေ့​ညက တညလုံး​ ဆန္ဒပြခဲ့​ပါတယ်။ ည​နေအထိ ဆက်သွယ်​မေး​မြန်း​ချက်အရ ကိုရီး​ယား​သံရုံး​နဲ့​ စက်ရုံပိုင်ရှင် ​ရောက်​နေပြီး​ ဒီညမှာ အလုပ်သမား​တွေနဲ့​ ​ဆွေး​နွေး​မယ်လို့​ သိရပါတယ်။ အလုပ်သမား​တွေက​တော့​ တညလုံး​ ဆန္ဒပြခဲ့​တဲ့​အတွက် ပင်ပန်း​နွမ်း​နယ်မှု​တွေ ဖြစ်​နေတယ်လို့​ ​ပြောပါတယ်။

မြန်မာပုလဲ၊​ စံပယ်ပွင့်​၊​ ​နေမင်း​အောင် အထည်ချုပ် စက်ရုံ​တွေနဲ့​ တိုး​မြင့်​အောင် ဇာထိုး​ပန်း​ထိုး​စက်ရုံ အလုပ်သမား​တွေက​တော့​ အလုပ်ရှင်ရဲ့​ ညှိနှိုင်း​တဲ့​အခါမှာ ​ပြေလည်မှု မရ​သေး​တဲ့​အတွက် ဆက်ပြီး​ ဆန္ဒပြ​နေဆဲဖြစ်ပါတယ်။

လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့​ ကိုရီး​ယား​ပိုင် ဝိုင်​ဂျေ (YJ) အထည်ချုပ်စက်ရုံက အလုပ်သမား​တွေ လစာတိုး​မြှင့်​ရေး​ ဆန္ဒပြ ​တောင်း​ဆိုမှုကို​တော့​ စက်ရုံပိုင်ရှင်​တွေက အ​ခြေခံလစာကို ၂,၈၀၀၀ အထိ တိုး​ပေး​လိုက်တဲ့​အတွက် ဒီ​နေ့​ အဲဒီစက်ရုံမှာ ဆန္ဒပြမှု ရပ်သွား​ပြီ ဖြစ်ပါတယ်။

လစာတိုး​မြှင့်​မှုနဲ့​ ပတ်သက်ပြီး​ အလုပ်သမား​နဲ့​အလုပ်ရှင် ပြန်လည် စာချုပ် ချုပ်ဆိုလိုက်နိုင်တဲ့​အ​ကြောင်း​ ဆန္ဒပြအလုပ်သမား​တွေနဲ့​နီး​စပ်တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​လူငယ် ပြည်​ထောင်စုမြန်မာနိုင်ငံပါတီရဲ့​ ရန်ကုန်တိုင်း​တာဝန်ခံ ကိုမင်း​မင်း​ထွန်း​က ​ပြောပါတယ်။

“အကြမ်း​ဖျင်း​က​တော့​ ၂၈၀၀၀ ကျပ်နဲ့​ လက်ခံလိုက်တယ်​ပြောတယ်။ ​တောင်း​တာက​တော့​ ၃၀၀၀၀ ​ပေါ့​။ ဒါ​ပေမယ့်​ ဒါ​တွေကလည်း​ အပြည့်​အဝ​တော့​ မဟုတ်ဘူး​။ ရက်မှန်​ကြေး​တွေ​ပေါင်း​ထည့်​ပေး​တာ​ပေါ့​။ သူတို့​တောင်း​တဲ့​ ရှား​ပါး​စရိတ်​ကြေး​ ၃၀၀၀၀ ​တော့​ မ​ပေး​ဘူး​ပေါ့​။”

ဆန္ဒပြမှု​တွေနဲ့​ ပတ်သက်ပြီး​ ​နေပြည်​တော်က အလုပ်သမား​ဝန်ကြီး​ဌာန ညွှန်ချုပ်ဦး​မျိုး​အောင်က စက်ရုံမှာ လှည့်​လည်ပြီး​ ​ဖြေရှင်း​ပေး​ပေမယ့်​ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုမှုနဲ့​ အလုပ်ရှင်က​ပေး​တဲ့​ လိုက်​လျောမှု ကွာဟ​နေတဲ့​ အတွက် အခုအချိန်အထိ အဆင်မ​ပြေ​သေး​ပါဘူး​။

မနက်ဖြန် စ​နေ​နေ့​မှာ​တော့​ အလုပ်သမား​ဝန်ကြီး​ဌာန၊​ အလုပ်ရှင်နဲ့​ အလုပ်သမား​ သုံး​ပွင့်​ဆိုင် ​ဆွေး​နွေး​ဖို့​ရှိ​နေပါတယ်။

 

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013