ရွှေတိဂုံရင်ပြင်တွင် အပူဒဏ်ခံနိုင်သည့် ကြွေပြား ၄ သိန်းခင်းမည်
DVB
·
March 17, 2018
ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်တော်မှာ အပူဒဏ်ခံနိုင်ပြီး အေအဆင့်ရှိတဲ့ ကြွေပြားအချပ် ၄ သိန်း ခင်းသွားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
လက်ရှိခင်ထားတဲ့ ကြွေပြားတွေက ဘုရားဖူးပြည်သူတွေအတွက် အပူဒဏ်ကို ကာကွယ်မှု အပြည့်မပေးနိုင်တာကြောင့် ပြန်ခွာပြီး ခင်းတာတာလို့ ဆိုပါတယ်။
ကြွေပြားတချပ် တန်းဖိုးက ကျပ် ၃၀၀၀ ကျသင့်မှာဖြစ်ပြီး ဘုရားဖူးပြည်သူတွေရဲ့ လှူဒါန်းတဲ့ ငွေကြေးနဲ့ ခင်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လက်ရှိ ဂေါပကအဖွဲ့လက်ထက်မှာ ဘုရားပတ်ဝန်းကျင်က သန့်စင်ခန်းတွေကိုလည်း အဆင့်မြင့် ပြန်လည်ပြုပြင်ထားပြီး အခမဲ့ ဝန်ဆောင်မှုပေးနေသလို ဖိနပ်အပ်ဌာနကိုလည်း အရင်လို ကန်ထရိုက်အပ်တာမျိုးမဟုတ်ဘဲ အခမဲ့ဝန်ဆောင်မှု ပေးနေတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။