ထရမ့်သားအကြီး၏ ဇနီးက တရားရုံးတွင် ကွာရှင်းခွင့်လျှောက်ထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားအကြီးဆုံးဖြစ်သူ ဗာနက်ဆာထရမ့်ရဲ့ ဇနီးဟာ  တရားဝင်ကွာရှင်းဖို့ နယူးယောက်တရားရုံးကို မတ် ၁၅ ရက်က လျှောက်ထားခဲ့တယ်လို့ တရားရုံးမှတ်တမ်းအရ သိရပါတယ်။ ၁၂ နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အကြောင်း မော်ဒယ်နဲ့ မင်းသားဟောင်းတဦးဖြစ်တဲ့ ဗာနက်ဆာထရမ့်က နှစ်ဦးသဘောတူ ကြေညာချက်မှာ ပြောကြားထားပါတယ်။ အခုကြေညာချက်ကို ထရမ့်ရဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း Trump Organization က ကြေညာခဲ့တာပါ။ သားဖြစ်သူ ဗာနက်ဆာထရမ့်ဟာ ထရမ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲရာမှာ ဝင်ရောက်ကူညီပေးနေသူ ဖြစ်ပါတယ်။ ကွာရှင်းပြတ်စဲရတဲ့ အကြောင်းရင်း အသေးစိတ်ကို မသိရသေးပေမယ့် နှစ်ဦးသဘောတူ ကြေညာချက်မှာ တဦးပေါ်တဦး အပြန်အလှန် လေးစားမှုရှိကြတဲ့အကြောင်း ဖော်ပြထားပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ထိန်းသိမ်းကြဖို့လည်း တောင်းဆိုထားပါတယ်။ ဗာနက်ဆာထရမ့်တို့ ဇနီးမောင်နှံဟာ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ကလေး ၅ ယောက်ရှိတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up