Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​အတွက် လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုစတင်
နော်နိုရင်း
·
May 25, 2012
မြန်မာနိုင်ငံမှာ လွတ်လပ်​ရေပြီး​ကတည်း​က ဆက်လက်ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ်​တွေရပ်ဖို့​နဲ့​ ငြိမ်း​ချမ်း​ရေး​ရဖို့​ ရည်ရွယ်ပြီး​ လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုတခု ရန်ကုန်မှာ ဒီ​နေ့​စတင်လိုက်ပါတယ်။ GW ​ခေါ် မျိုး​ဆက်သစ်လူငယ်အဖွဲ့​က တိုင်း​ရင်သား​တွေ အချင်း​ချင်း​ကြား​ ဖြစ်ပွား​နေတဲ့​ လက်နက်ကိုင် ပဋိပက္ခရပ်ဆိုင်း​ပြီး​ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ရရှိဖို့​ ‘ထာဝရငြိမ်း​ချမ်း​ရေး​ ၆၇’ ဆိုတဲ့​ လှုပ်ရှား​မှုကို စတင်လိုက်တာပါ။ ဒီလှုပ်ရှား​မှုကို ရန်ကုန်မြို့​ ​တော်ဝင်နှင်း​ဆီစား​သောက်ဆိုင်ရဲ့​ သီရိခန်း​မမှာ ဒီ​နေ့​ ဖွင့်​ပွဲအခမ်း​အနား​ပြုလုပ်ပြီး​ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ လက်မှတ်ထိုး​ လှုပ်ရှား​မှု​တွေ ပြုလုပ်သွား​မယ်လို့​ မျိုး​ဆက်သစ်လူငယ်များ​အဖွဲ့​ရဲ့​ ဥက္ကဋ္ဌ ကိုမင်း​ရန်နိုင်က ​ပြောပါတယ်။ “ကျ​နော်တို့​အခု ငြိမ်း​ချမ်း​ရေး​အတွက်ပါ အခု လက်ရှိ ကချင်​ဒေသ ဖြစ်ပျက်​နေတာ​ပေါ့​နော်။ ​နောက် ကျန်တဲ့​ဒေသ​တွေလည်း​ပဲ ထာဝရငြိမ်း​ချမ်း​ 67 ဆိုပြီး​တော့​ ကျ​နော်တို့​က campaign နာမည်​လေး​ကို ​ပေး​ထား​ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ သူ့​ရဲ့​ ​မွေး​နေ့​ ၆၇ နှစ်ပြည့်​ကို ရည်ညွှန်း​တဲ့​အ​နေနဲ့​ ကျ​နော်တို့​က ထာဝရငြိမ်း​ချမ်း​ 67 ဆိုတဲ့​ campaign ​လေး​ လုပ်ပါတယ်။ အခု ဖွင့်​ပွဲလုပ်ပြီး​တော့​ ကျ​နော်တို့​ campaign ​တွေကို နယ်​တွေ၊​ မြန်မာတနိုင်ငံလုံး​မှာ ရှိတဲ့​ ကျ​နော်တို့​နဲ့​ ပူး​ပေါင်း​ဆောင်ရွက်နိုင်တဲ့​ အဖွဲ့​အစည်း​တွေနဲ့​ ကျ​နော်တို့​ ပူး​ပေါင်း​ဆောင်ရွက်ပါတယ်။ ဒီအပြင် လူထုကြား​ထဲ သွား​ပြီး​တော့​ shopping center ​တွေ၊​ ပန်း​ခြံ​တွေ၊​ ဘတ်ကား​မှတ်တိုင်​တွေမှာ ကျ​နော်တို့​ လက်မှတ်​တွေ လိုက်​ကောက်မှာပါ။” ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆုရှင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၇ နှစ်ပြည့်​ ​မွေး​နေ့​ကို ရည်ညွှန်း​ပြီး​ လက်မှတ်​ပေါင်း​ ၆၇၆၇၆၇ အထိ ရရှိ​အောင် စု​ဆောင်း​မှာ ဖြစ်ပြီး​ ရရှိလာတဲ့​ လက်မှတ်​တွေကို ဇွန် ၁၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၇ နှစ်ပြည့်​ ​မွေး​နေ့​မှာ ​ပေး​အပ်မှာ ဖြစ်သလို နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်၊​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေဆီကို ​ပေး​ပို့​သွား​မယ်လို့​ GW အဖွဲ့​က ​ပြောပါတယ်။ ငြိမ်း​ချမ်း​ရေး​လှုပ်ရှား​မှု လုပ်ရတဲ့​ ရည်ရွယ်ချက်နဲ့​ပတ်သက်ပြီး​ ကိုမင်း​ရန်နိုင်က “စစ်ဖြစ်​နေတာလည်း​ ကြာပြီ​လေ မ​အေး​ချမ်း​ဘူး​ဆို​တော့​။ အဲဒီ​တော့​ တနိုင်ငံလုံး​ အတိုင်း​အတာ လုံး​ဝ အပစ်ခတ်ရပ်စဲဖို့​ပေါ့​နော်။ ဒုက္ခ​ရောက်​နေတဲ့​ ဒုက္ခသည်​တွေ ကိုယ့်​နေရပ်ကို ​ချော​မောစွာ ပြန်နိုင်ဖို့​လည်း​ ပါတာ​ပေါ့​။ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​ ​တောင်း​ဆိုထား​တဲ့​ထဲမှာလည်း​ ပါပါတယ်။ ထာဝရငြိမ်း​ချမ်း​ 67 ​ပေါ့​နော်။ အဲဒီ နှစ်ချက်ကို ​တောင်း​ဆိုမှုအ​နေနဲ့​ ပါပါတယ်။ ကျ​နော် ဒီ​နေရာက​နေပြီး​တော့​ အခုလို ကြား​ရတဲ့​ ပြည်သူ​တွေ၊​ အသင်း​အဖွဲ့​တွေ၊​ အာဏာရအဖွဲ့​အစည်း​တွေပဲ ဖြစ်ဖြစ် အား​လုံး​ ကျ​နော်တို့​ လှုပ်ရှား​မှုမှာ လက်မှတ်​ရေး​ထိုး​ပြီး​တော့​ ပါဝင်ပတ်သက်​စေချင်ပါတယ်။ ကျ​နော်တို့​က အခု မြို့​ပေါ်မှာ ​နေတဲ့​ လူငယ်​တွေ ဖြစ်ပါတယ်။ နယ်မှာ အခု ကချင်​ဒေသမှာ ဖြစ်​နေတဲ့​ လူငယ်​တွေကို ကျ​နော်တို့​ နှလုံး​သား​ချင်း​အရ စာနာလို့​ ကျ​နော်တို့​ ဒီ လှုပ်ရှား​မှု ဒီလိုပွဲမျိုး​ လုပ်တာပါ။ အဲဒီအ​ပေါ်မှာ ကျ​နော်တို့​နဲ့​အတူ ပူး​ပေါင်း​ဆောင်ရွက်​ပေး​ခြင်း​အား​ဖြင့်​ ကျ​နော်တို့​ ထာဝရငြိမ်း​ချမ်း​ရေး​ ရရှိမယ်လို့​ ​မျှော်လင့်​ပါတယ်ခင်ဗျ။” ဒီလက်မှတ်ထိုး​လှုပ်ရှား​မှု ဖွင့်​ပွဲအခမ်း​အနား​ကို စီအာပီပီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်၊​ ကို​ဌေး​ကြွယ်၊​ ကိုလှမျိုး​နောင်တို့​အပြင် လွှတ်​တော်အမတ်ဖြစ်တဲ့​ ကို​ဇေယျာ​သော် တက်​ရောက်ခဲ့​သလို အနုပညာရှင်​တွေ၊​ ကဗျာဆရာသမဂ္ဂ အပါအဝင် လူ ၂၀၀ ​လောက် တက်​ရောက်ခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024