ကမ္ဘာအမြင့်ဆုံး ရေခဲမြစ် တောင်ပေါ်မှ အိန္ဒိယနဲ့ ပါကစ္စတန် တပ်တွေရဲ့ ပဋိပက္ခ
DVB
·
May 25, 2012
ပြီးခဲ့တဲ့ဧပြီလက စီအာချင် ရေခဲမြစ်မှာ နှင်းထုနဲ့ ကျောက်တုံးတွေ တောင်ပေါ်မှ တဟုန်ထိုး လျှောကျဆင်းမှုကြောင့် ပါကစ္စတန် စစ်သားနဲ့ အရပ်သား ၁၃၄ ဦး သေဆုံးခဲ့ပါတယ်။ စီအာချင် ရေခဲမြစ်ဟာ ဟိမ၀န္တာတောင် အရှေ့ဘက် ပယ်လယ်ရေ မျက်နှာပြင် အထက် မီတာ ၆ ထောင်မှာရှိပြီး၊ အိန္ဒိယနဲ့ ပါကစ္စတန်တပ်တွေ ဆယ်စုနှစ်များစွာ တိုက်ပွဲ အပြင်းအထန် ဖြစ်ကြတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက် စစ်တပ်တွေဟာ တိုက်ပွဲတွေကြောင့်ထက် ရာသီဥတုဆိုးရွားမှုကြောင့် ပိုသေဆုံးကြရပါတယ်။ အခု နှစ်နိုင်ငံစလုံးရဲ့ လူထုတွေက အဲဒီဒေသမှာ အချည်းနှီးပဋိပက္ခဖြစ်နေတာကို ဖြေရှင်းဖို့ အချိန်တန်ပြီလို့ ပြောဆိုလာပါတယ်။ ပါကစ္စတန် လာဟိုးမြို့မှ သတင်းထောက် နင်းမ်ဆာဟိုတာရာ (Naeem Sahoutara) က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။