Home
မြန်မာသတင်း
ကိုရီးယားကျွန်းဆွယ်အရေး တိုးတက်မှုအပေါ် မြန်မာ ထောက်ခံကြိုဆို
DVB
·
March 15, 2018
29187260_841595052707458_3289903516074024106_n
      ကိုရီးယားကျွန်းဆွယ်မှာ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုတွေအပေါ် မြန်မာနိုင်ငံအနေနဲ့ ထောက်ခံကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။     ဒီသတင်းထုတ်ပြန်ချက်ထဲမှာတော့ ကိုရီးယား ၂ နိုင်ငံကြား ကာလရှည်ကြာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်စေရေး ကိစ္စရပ်တွေအပေါ်  မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးအမြင်နဲ့ ထောက်ခံကြိုဆိုလိုက်ကြောင်း ဖော်ပြထားတာပါ။     မြန်မာအစိုးရအနေနဲ့ လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကိုရီးယား-မြန်မာ ၂ နိုင်ငံ ကြား ထိပ်သီးညီလာခံကိုလည်း ကြိုဆိုကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုတွေ လျှော့ချစေနိုင်ဖို့ အရေးကိစ္စတွေမှာ ပါဝင်ကြတဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် ဂုဏ်ယူချီးကျူးတယ်လို့လည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024