DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်မီးလင်းရေးအတွက် တရုတ်ကူညီမည်ဟုဆို
DVB
·
May 24, 2012
မြန်မာပြည်မီးလင်းရေးအတွက် တရုတ်ကူညီမည်ဟုဆို
Donate to DVB

မြန်မာပြည်သူတွေ လျှပ်စစ်မီး ရစေဖို့ တရုတ်နိုင်ငံက အကူအညီတွေပေးဖို့ ဆန္ဒရှိတယ် လို့ မြန်မြာ ပည်တွင်းမှာဖြစ်နေတဲ့ မီးလင်းရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

[caption id="attachment_25888" align="alignright" width="308" caption="မစ္စတာ ဟောင်လီ"][/caption]

တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ သူ ဟောင်လီက  နိုင်ငံခြားရေး ၀န်ကြီးဌာန မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြန်မာနိုင်ငံက မီးလင်းရေး ဆန္ဒပြပွဲတွေအပေါ်အမြင်နဲ့ မီးပေးနိုင်ရေးအတွက် အကူအညီပေးဖို့ ဆန္ဒရှိကြောင်းကို  အခုလို ပြောဆိုခဲ့ တာ ဖြစ်ပါတယ်။

မစ္စတာဟောင်လီက “ကျနော်တို့ နားလည်တာကတော့ ဒီဆန္ဒပြပွဲတွေမှာ လူတော်တော်များများက အခုမြန်မာနိုင်ငံ တချို့နေရာတွေမှာ မီးမရဘူးဆိုတဲ့ အပေါ်မှာ ဘယ်မှာပြဿနာ ဖြစ်တယ် ဆိုတာကို သေချာသိကြပါတယ်။ မီးမရတဲ့အပေါ်မှာ ကျနော်တို့ နားလည်တာ ကတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားပေး လိုင်းစနစ်တွေ က တော်တော် ဟောင်း နွမ်းနေပြီ ဖြစ်တာကြောင့်ပါ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေနဲ့ မြန်မာပြည်သူ လူထုရဲ့ နေထိုင်မှု ဘဝကို ပိုကောင်းလာအောင် ဒီလျှပ်စစ်ဓာတ်အားပေး လိုင်းတွေကို အဆင့်မြှင့်ဖို့ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက် လိုတဲ့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာနို်င်ငံရဲ့ မြို့တော်တော်များများမှာ အခုရက်ပိုင်းတွေမှာ ၂၄ နာရီ မီးလင်းရေးအတွက် ပြည်သူတွေ ရဲ့ ဆန္ဒပြပွဲတွေ ပျံ့နှံ့ဖြစ်ပွားနေတာဖြစ်ပါတယ်။

အစိုးရဘက်ကတော့ နွေရာသီမှာ ရေနည်းတာကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု နည်းသွားတာကြောင့်လို့ ပြောပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ မိုင်းထိပျက်စီးသွားတဲ့ ၂၃၀ ကေဗီ ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ပြုပြင်ရေး လုပ်ငန်းကိုလည်း လူအင်အားများစွာနဲ့ အရှိန်မြှင့် လုပ်နေသလို  အမေရိကန်နိုင်ငံ နဲ့ စင်ကာပူနိုင်ငံက မီးစက် ၆ လုံးစီ တပတ်အတွင်း ရောက်ဖို့ ရှိတယ်လို့ ပြည်သူကို အသိပေးပါတယ်။

ဒါ့ပြင် အမေရိကန်နိုင်ငံ ဂျင်နရယ် အီလက်ထရွန်နစ် ကုမ္ပဏီကနေ ဂက်စ်တာဘိုင် ၂ လုံး အမြန်ဆုံး ရောက်ရှိလာဖို့လည်း ကြိုးစားနေတယ်လို့ ကြေညာချက် ထုတ်ပြန်ပြီး အသိပေး တာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းသာ အစိုးရကပေးတဲ့  လျှပ်စစ်ကို အသုံးပြုနေရတာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ လျှပ်စစ်မီး အသုံးပြုမှု အနည်းဆုံး နိုင်ငံတွေထဲမှာ တနိုင်ငံ အဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။  ပျမ်းမျှ လူတဦးကို  ၁ နာရီ ၁၀၄ ကီလိုဝပ်သာ အသုံးပြုနေရပြီး ကွန်ဂိုနဲ့ နီပေါနိုင်ငံတွေ နှုန်းလောက်ပဲ ရှိတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က စာရင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013