Saturday, June 10, 2023
HomeLead Storyလပွတ္တာမြို့နယ်တွင် လှေမှောက်သဖြင့် သားအမိ ၄ ဦး သေဆုံး

လပွတ္တာမြို့နယ်တွင် လှေမှောက်သဖြင့် သားအမိ ၄ ဦး သေဆုံး

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ရေတွင်းဆိပ်ကျေးရွာနားက သောင်ဒူမြစ်ထဲမှာ မတ်လ ၁၄ ရက်နေ့ည သန်းခေါင်ကျော်လောက်က ဆားကွင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ မိသားစု ၆ ဦးပါလှေ တိမ်းမှောက်ပြီး သားအမိ ၄ ဦးသေဆုံးခဲ့တယ်လို့ ပြင်စလူနယ်မြေ ရဲစခန်းက ပြောပါတယ်။

ပြင်စလူနယ်မြေရဲစခန်းမှူး ရဲအုပ်နိုင်မိုးအောင်က လေပြင်းတိုက်ခတ်ပြီး ရေလှိုင်းပုတ်လို့ လှေမှောက်တာကြောင့် လှေကိုလှော်ခတ်လာတဲ့ အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၆ လအရွယ်၊ ၃ နှစ်အရွယ်နဲ့ ၆ နှစ်အရွယ် သမီးမိန်းကလေး ၃ ဦးသေဆုံးခဲ့ကြပြီး ဖခင်ဖြစ်သူနဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တဦး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါလှေမှောက်မှုကို ပြင်စလူနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့ ရေးဖွင့်ဆောင်ရွက်နေပါတယ်။

မြမင်းဦး(ပုသိမ်)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular